Ep_46

330 18 0
                                    

"အစ်ကိုဒီလိုတွေသောက်နေတော့ရော နှောင်းကအစ်ကို့ဆီ ပြန်လာမှာမို့လား အစ်ကို့ပုံကိုအစ်ကိုမှန်ထဲလဲ ပြန်ကြည့်ပါအုံး ရှေ့နေတစ်ယောက်နဲ့တောင် မတူတော့ဘူးအစ်ကို"

"မြိုင် အစ်ကိုပြောနေတယ်လေ အစ်ကိုအေးဆေးနေချင်တယ် ထွက်သွားပေးလို့"

မြိုင်လဲပြောမရသည့်အဆုံး အခန်းပြင်သို့သာ ထွက်လာလေသည်..။

"ဂုဏ်ရှိန် အစ်ကို့ကို ထပ်မသောက်စေနဲ့တော့ကြားလား"

"ဟုတ်ကဲ့မမလေး"

"ဖူးပွင့် ငါအပြင်သွားမို့ ကားထုတ်ပြီးစောင့်နေ အိတ်ယူပြီးဆင်းလာခဲ့မယ်"

"ဟုတ်ကဲ့မမ"

ဂုဏ်ရှိန်လဲ ဆရာဖြစ်သူ၏ အဖြစ်အားကြည့်ကာ သနားမိလေသည်..သူရိန့်ကိုအခုလိုမြင်ရတာဟာ ဂုဏ်ရှိန်တို့အတွက် ပထမဆုံးအကြိမ်ပင်..။

"မမ အစ်ကိုသူရိန့်အကြောင်း မမနှောင်းကိုမပြောပြဘူးလား"

"အင်း"

"ဒါဆိုအစ်ကိုသူရန့်ကို ဒီအတိုင်းပဲထားတော့မှာလား သူနေ့နေ့ညညသောက်နေတာ ကြာရင်ကျန်းမာရေးထိလိမ့်မယ်"

"အင်း ဆက်မသောက်အောင် တားရမှာပေါ့"

"မမတကယ်ပဲ အစ်ကိုသူရိန်နဲ မမနှောင်းကိုခွဲထားမို့လား"

"ငါခွဲထားတာမဟုတ်ဘူး ဖူးပွင့် နှောင်းကိုယ်တိုင်က မပတ်သက်ချင်တော့တာ အစ်ကို့ကိုလဲသနားသလို မိန်းမချင်းဖြစ်တဲ့ နှောင်းကိုလဲငါစာနာတယ်"

"မမကတကယ်အသဲမာတဲ့ မိန်းမပဲနော်"

"ထားပါလေ နှောင်းရှေ့ရောက်ရင် ဒီကိစ္စတွေယောင်လို့တောင်မဟမိစေနဲ့နော်"

"စိတ်ချပါမမ"

တပတ်အတွင်း နှောင်းအခြေနေသည် အရင်ကထက်တိုးတက်လာသည်..မှိုင်းနှင့်နှောင်း၏ ဆက်ဆံရေးလဲ ဆရာဝန်နှင့်လူနာဆက်ဆံရေးထက် သူငယ်ချင်းဆက်ဆံရေးကဲ့သို့ ဖြစ်နေလေပြီ...။

မှိုင်းသည် ပြတင်းတံခါးရှေ့ ထိုင်နေသောနှောင်းကိုတွေ့သည်နှင့် လက်ဖက်ပန်းကန်လေးယူကာ နှောင်းဆီသို့သွားလေသည်..။

နှင်းဆီစေလျှင်Where stories live. Discover now