Ep_44

381 16 0
                                    

မြိုင်သည်နှောင်းအတွက် လိုအပ်တာများ စိစစ်ပြီး ကြက်စွတ်ပြုတ်လေးယူကာ ကြီးစောနှင့်အတူ ဆေးရုံသို့ထွက်လာလေသည်..။

"နှောင်း"

"မြိုင်လာပြီလား"

"အင်း နှောင်းအတွက်စွတ်ပြုတ်လေးယူလာတယ်"

"မြိုင်ကျေးဇူးတင်ပါတယ်"

"မလိုတာနှောင်းရယ် တို့တွေကညီမတွေပဲဟာ"

ခါတိုင်းမြိုင့်ကိုတွေ့သည်နှင့် သူရိန့်အကြောင်းမေးနေကြ နှောင်းဟာယနေ့တွင်တော့ သူရိန့်နာမည်အား တမ်းတခြင်းရှိမနေပေ...။

"နှောင်း အစ်ကို့ကိုမမေးတော့ဘူးလား"

"နှောင်းမျက်လုံးတွေကအရင်လိုမှမဟုတ်တော့ပဲမြိုင်ရယ် နောက်ပြီးနှောင်းအပေါ်မှာထားတဲ့ သူ့ရဲ့စိတ်တွေလဲပြောင်းလဲကုန်ရောပေါ့"

"နှောင်းရယ်မြိုင်လဲအစ်ကို့အစား နှောင်းကိုအားနာမိသား"

"ထားပါလေ ခုလဲသူအလုပ်မှာပဲမလား"

"အင်း ဘာမှမဖြစ်ပါဘူးနှောင်းရယ် အစ်ကိုကနှောင်းဘေးနားမရှိလဲ မြိုင်ကနှောင်းဘေးနားရှိနေမှာ"

"အဟွန့် အဟွန့် မြိုင်ငါဝင်လာမယ်နော်"

မှိုင်း၏ချောင်းဟန့်သံကြောင့် နှောင်းရောမြိုင်ပါ စကားစပြတ်သွားကြလေသည်..။

"ဝင်လာလေမှိုင်း ငါပြောထားတဲ့ကိစ္စ အခြေနေဘယ်လိုလဲ‌မှိုင်း"

"သူတို့ကတော့ပေးမဆင်းစေချင်ဘူးဟေ ဒါပေမဲ့လဲသိတယ်မလား နင့်သူငယ်ချင်းရဲ့အစွမ်းအစကို"

"သိပါတယ်ဟယ် အခုကဆင်းလို့ရတာလား မရတာလားပဲပြောစမ်းပါ"

"ရတယ် နှောင်းကိုငါ့အိမ်မှာပဲ ခေါ်ထားလိုက်မယ်လေ သူ့အခြေနေက အနီးကပ်စောင့်ရှောက်မှအဆင်ပြေမှာ"

မြိုင်သည် နှောင်းအားစိတ်မချပေ တခုခုများလွှဲချော်သွားလျှင် မြိုင်မတွေးရဲပေ..။

"နှောင်း"

"နှောင်းအဆင်ပြေပါတယ်မြိုင် နှောင်းဒေါက်တာ့အိမ်မှာပဲ နေရင်းဆေးကုသမှုခံယူပါ့မယ်"

နှင်းဆီစေလျှင်Where stories live. Discover now