Ep_52

367 31 1
                                    

သူရိန်နှင့်နှောင်းတို့ ထွက်လာသည်မှာ 2ရက်ခန့်ရှိနေလေပြီ..သူရိန်သည် ဒီအခြေနေကိုအခွင့်ကောင်းယူ၍ နွေးထွေးအောင်ပြုပြင်ပါသော်လည်း နှောင်းသည်အေးစက်နေဆဲ...။

"နှောင်းအတွက် ပုဇွန်လေးတွေ ကိုယ်အခွံခွာပေးထယးတယ်"

"ကျေးဇူးပါသူရိန်"

"မောင့်ကိုခုထိစိတ်ဆိုးနေတုန်းလား"

".."

"ကျွန်မ‌အေးအေးဆေးဆေး ထမင်းစားပါရစေ ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးပါ"

သူရိန်မည်သည့်စကားမှ မဆိုမိပေ..နှောင်းပန်းကန်ထဲသို့သာ ငါးများအားအရိုးနွှင်၍ ထည့်ပေးနေလေသည်..။

..........At the 10:00 Pm..........

ဒေါက်...ဒေါက်

"ဘယ်သူလဲ"

"ဖူးပွင့်ပါမမ ဝင်လာမယ်နော်"

"အော်လာလေဖူးပွင့် တံခါးလောခ့်မချထားဘူး ဖွင့်သာဝင်ခဲ့"

"ဟုတ်မမ"

ရီဝေနေသော သျှား၏မျက်လုံးကြောင့် မူးနေမှန်းမြိုင်သတိထားမိလေသည်..။

"ပြောစရာရှိလို့လားဖူးပွင့်"

"သျှားမမကိုချစ်တယ် မမကိုသဘောကျတယ် သျှားလွန်ခဲ့တဲ့နှစ်တွေကတည်းက မမကိုသဘောကျရခဲ့တာပါ"

"ဖူးပွင့်..မူးနေရင်အခန်းထဲပြန်ပြီး အိပ်လိုက်ပါ"

"သျှားကိုလက်ခံပေးနိုင်မလားမမ သျှားကိုအခွင့်အရေးလေးပဲပေးပါမမရယ်"

"ဒါတွေအခုမှလာပြောတာက နောက်ကျသွားပြီဖူးပွင့် တို့မင်းကို ညီမလေးတယောက်ထက် မပိုဘူး"

"မမ!!"

"မင်းမှာတို့ကိုအော်ပိုင်ခွင့်မရှိဘူးနော်ဖူးပွင့် တို့ကအသက်အားဖြင့်လဲ မင်းထက်ကြီးတယ် စကားကိုဆင်ခြင်ပြော"

"မမကလေ မမသဘောကျပါတယ်ဆိုတဲ့ နှင်းဆီတွေလိုပဲ ဒါပေမဲ့မမက နူးညံ့လွန်းတဲ့ပန်းရောင် နှင်းဆီပန်းလေးတပွင့်မဟုတ်ပဲ
ဆူးတွေအများကြီးနဲ့ဝန်းရံထားတဲ့ နှင်းဆီပန်းတပွင့် မမကိုထိတွေ့ဖို့ကြိုးစားလိုက်တိုင်း ဆူးတွေနဲ့ရန်မူနေတတ်တဲ့မမ သျှားကိုမသနားဘူးလား သျှားကိုနာကျင်စေမှဖြစ်မှာလား"

နှင်းဆီစေလျှင်Where stories live. Discover now