"ဟုတ်ကဲ့"
"ဒီဘက်ကအတ္တမောင်နော်"
"အွန်း"
"မမနဲ့တွေ့ချင်ရတဲ့အကြောင်းကဘာလဲမိုးအတ္တမောင် ဒီအချိန်ကအလုပ်ချိန်မို့ကိုယ်ရေးကိုယ်တာကိစ္စဆိုရင်တော့ မမကမင်းနဲ့တွေ့မှာမဟုတ်ဘူးဒီတော့လာရာလမ်းအတိုင်းပြန်လိုက်ပါ"
"မိုးအတ္တမောင်ရောက်နေတယ်လို့ပဲပြောလိုက်ပါ"
"ကိုယ်ပြောပြီးပြီလေ မမကမင်းနဲ့တွေ့မှာမဟုတ်ဘူးလို့"
"ဒါကငါ့အပိုင်းပါ မင်းကအန်တီ့လက်ထောက်မလား ငါကတစ်နေ့ကျမင်းအလုပ်ရှင်ရဲ့ဆိုင်သူဖြစ်လာမဲ့သူ ဒီတော့အခုကတည်းကငါ့ကိုဟိုလိုလုပ်ပါဒီလိုလုပ်ပါလို့ပြောနေတာတွေရပ်တန်းကရပ်ရင်ကောင်းမယ်"
"ဟ စကားပြောတာရင့်လိုက်တာလုံခြုံရေးနဲဆွဲထုတ်မှရမယ်ထင်တယ်"
"ဘာကွ!!!"
ကောင်တာဘက်မှဆူညံသံများကြောင့် မြိုင်အလုပ်ကိုအာရုံစိုက်၍မရတော့ပါ မြိုင်သည်မနေနိုင်သည့် အဆုံးကောင်တာဘက်သို့ထွက်လာလေသည်
ကောင်တာတွင် ခွန်းကြီးခွန်းငယ်ငြင်းခုံနေကြသူများမှာ အခြားမဟုတ်မောင်နဲ့ဖူးပွင့်တို့သာ...
မောင့်မျက်နှာကိုမြင်လိုက်ရသည်မို့ မြိုင်ကိုယ်တိုင်တောင်သတိမထားမိခင် မျက်နှာတွင်အပြုံးပန်းဆင်မိလေသည် ထို့နောက်မျက်နှာထားတင်းလျက်!
"အတ္တမောင်"
"အန်တီ"
"ဘာဖြစ်နေကြတာလဲမင်းတို့2ယောက် တို့အထဲမှာအလုပ်လုပ်နေတာ မင်းတို့အသံတွေကြောင့်တို့အလုပ်ကိုအာရုံစိုက်မရတော့ဘူး"
"မမနဲ့တွေ့ချင်လို့ပါတဲ့ ဖူးပွင့်ကမမအလုပ်လုပ်နေတော့ အနှောင့်အယှက်ဖြစ်မှာဆိုးလို့ပြန်ခိုင်းတာ ဒါကိုသူကအတင်းရောဇွတ်ရော"
"အတ္တမောင် မင်းအားနေတာလား"
"မောင်အရေးတကြီးပြောစရာရှိလို့ပါအန်တီ"
"ဘာတွေများအရေးကြီးနေလို့ဒီလောက်ထိဖြစ်ပျက်နေတာလဲအတ္တမောင် ညရောက်တဲ့အထိမစောင့်နိုင်ဘူးလား"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...