Ep_30

446 24 0
                                    

"ဟုတ် ဟုတ် မမ"

အိမ်ထဲသို့ရောက်သည်နှင့် မြိုင်ဟာ ဖူးပွင့်အား မျက်စောင်းခဲလေသည်...။

"မင်းဗိုက်ဆာရောပေါ့ ငါခေါက်ဆွဲပြုတ်လုပ်ပေးထားမယ် ပီးတော့မင်းအဝတ်အစားတွေ ဒီအတိုင်းနေရင် ဖျားသေသွားလိမ့်မယ် ငါ့အဝတ်ဗီရိုထဲက မင်းအဆင်ပြေတာယူဝတ်ပြီးဆင်းလာခဲ့"

"ဟုတ် မမ"

သျှားတစ်ယောက် အပေါ်ထပ်သို့ ခပ်မြန်မြန်တက်သွားလေသည်...။

မိုးနတ်မင်းကြီးရေ မင်းမိုးရွာပေးတာကို ကျေးဇူးတင်တယ်ဟေ့ တစ်သက်လုံးမိုးရာသီကို အမြင်မကြည်ပြီးမုန်းခဲ့ပေမဲ့ ခုတော့မင်းကိုချစ်သွားပြီဟေ့...သျှားတစ်‌ယောက်အခန်းထဲတွင် အော်ဟစ်နေမိသည် မိုးရွာသံများအကြား သျှားအသံဟာတိုးမပေါက်ပေ...။

ထို့နောက် မြိုင့်အဝတ်ဗီရိုထဲမှ ညအိပ်တစ်ထည်ယူဝတ်၍ မြိုင်ရှိရာမီးဖိုခန်းထဲသို့ ဆင်းလာလေသည်...။

"မမ"

"အင်း ငါခေါက်ဆွဲပြုတ်ပြီးပြီ"

မြိုင်မျက်လုံးများသည် သျှားဆီသို့အကြည့်ရောက်ခိုက်... ခေတ္တမျှငေးကြည့်မိသည်...။

"မမ သျှားမျက်နှာမှာတစ်ခုခုပေနေလို့လား"

"ဟမ် အင်းမပေပါဘူး ဒီညဝတ်ကမင်းနဲ့လှတယ် ခေါက်ဆွဲပြုတ်ကရနေပြီမို့ မင်းစားစရာရှိတာစားပြီးအိပ်တော့ ငါလဲအပေါ်တက်ပြီ"

ထွက်သွားဟန်ပြင်နေသူ မြိုင့်အား သျှားလင်ကောက်ဝတ်မှ ဖမ်းဆွဲထားမိသည်...။

"မင်းဘာလုပ်တာလဲသျှား"

"ဖူးပွင့်လိုပဲခေါ်ပါမမ သျှားကမမအတွက်အမြဲတမ်းဖူးပွင့်အဖြစ်ရှိနေမှာပါ"

"လက်ကိုလွှတ်"

"မမ မသွားပါနဲ့လား သျှားကြောက်လို့ပါ"

မျက်နှာ‌ငယ်လေးဖြင့် အသနားခံနေသူသျှားအား မြိုင်မျက်နှာလွှဲခဲပစ် မလုပ်ရက်ပါ...။

"ဒါဆိုလဲမြန်မြန်စား ငါအိပ်ချင်ပြီ"

"ဟုတ်မမ"

"အ့"

"ကျစ် ရူးနေလား ဒီလောက်ပူလောင်နေတာမမှုတ်ပဲစားမှတော့ အပူလောင်ပြီပေါ့"

နှင်းဆီစေလျှင်Where stories live. Discover now