"ဒါဆို ကျွန်တော်ကပဲ ကျေကျေနပ်နပ်ကြီးရင်ကွဲခံရမှာပေါ့ဗျာ နှောင်းသဘောပါ ကျွန်တော်နှောင်းကိုအတင်းအကြပ်မပြောပါဘူး"
သူရိန်သည်ဒူးထောက်နေရာမှထ၍ စိတ်ပျက်လက်ပျက်နှင့် နှောင်းရှေ့မှထွက်သွားရန်ခြေလှမ်းတွေနောက်လှည့်လိုက်စဉ်
"မောင်"
သူရိန်ခတ္တမျှကြောင်အမ်းသွားမိသည် အခုနကလေးတင်သူ့ကိုငြင်းခဲ့သည်မဟုတ်ပါလား နှောင်းနှုတ်ဖျားမှ ထွက်ကျလာသော"မောင်"ဆိုသောစကားလုံးအား သူရိန်မယုံပါ စိတ်ထင်သည်ဟုသာတွေးသည်
ဒုတိယအကြိမ်
"မောင်ဒါကဘယ်သွားမလို့လဲဟင် နှောင်းကိုတစ်ယောက်တည်းထားရစ်ခဲ့တယ်ပေါ့"
ဒီတစ်ခါအပျော်ကြီးပျော်ရသူမှာသူရိန် ငြင်းခံရသည်ထင်ပြီးကာမှ လက်ခံပါသည်ဟုသိရသည်မဟုတ်ပါလား
သူရိန်သည်ချက်ချင်းဆိုသလို နှောင်းဘက်သို့မျက်နှာမူ၍
"နှောင်းဘာပြောလိုက်တယ် အခုနကနှောင်းဘာပြောလိုက်တယ်"
"အော် မောင်ဒါကဘယ်သွားမလို့လဲလို့ နှောင်းကိုတစ်ယောက်တည်းထားရစ်ခဲ့တောမယ်ပေါ့လို့"
"ဒါဆိုနှောင်းကကျွန်တော့ကိုချစ်တယ်ပေါ့"
"ဟွန့်သွားပါ အရိပ်ပြလို့အကောင်မမြင်တဲ့လူကြီး"
"ဒါနဲ့များဘာလို့အစောကပြောတုန်းကကျလက်မခံသလိုကြီး"
"ဒါကတော့ အခုမှနှောင်းကိုဖွင့်ပြောလို့အပြစ်ပေးတာ"
"ဟောဗျာ"
"သူရိန့်ဆီကဒီစကားကြားရဖို့ကို နှောင်းဘယ်လောက်ထိစောင့်ခဲ့ရလဲသိလားလို့ အဲ့တာကိုအခုမှလာပြောရလားလူဆိုးကောင်ရဲ့"
"အခုဘယ်လိုခေါ်လိုက်တယ် လူဆိုးကောင်ဟုတ်လား"
"ဟုတ်တယ် လူဆိုးကောင် သူများကိုအကြာကြီးစောင့်ရအောင်လုပ်တဲ့လူဆိုးကောင်"
"ဟား ဟား ဟား ဟုတ်ပါပြီဗျာ ဒီမှာနှောင်းအတွက်နေကြာပန်းစည်းလေး နေကြာတွေကိုသဘောကျတယ်မလားနှောင်း"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...