Ep_38

394 20 2
                                    

လိုအပ်သည်များကိုစစ်ဆေးကြည့်ပြီးသည်နှင့်..

"လူနာကစိတ်ဖိစီးမှုများတာတွေရယ် အငိုလွန်သွားတာတွေရယ်ကြောင့် ခုလိုမေ့သွားတာပါ လိုအပ်တာတွေလုပ်ပေးခဲ့ပြီးပြီမို့ စိတ်ချရတဲ့အခြေနေရောက်ပြီမို့ သိပ်ပြီးလဲစိတ်မပူပါနဲ့"

"တစ်ခြားကော ဒေါက်တာ”

"လူနာကနှလုံးရောဂါရှိတာလားသျှား"

"ဟုတ်တယ်ဒေါက်တာ"

"ဆေးတွေပုံမှန်မသောက်ထားတဲ့ပုံပဲ ဆေးကိုသေချာလေးလှိမ့်ပတ်‌လည်အောင် သောက်ဖို့အကြံပေးပါရစေ ရေရှည်ဆိုရင်လူနာအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်သျှား"

"ဟုတ်ကဲ့ဒေါက်တာ သျှားသေချာဂရုစိုက်‌လိုက်ပါ့မယ် ခုလိုညကြီးမိုးချုပ်လာပေးတဲ့အတွက်လဲ ဒေါက်တာ့ကိုအထူးကျေးဇူးတင်ပါတယ်"

"ရပါတယ်သျှားရာ ဒါဆိုဆရာပြန်တော့မယ်"

"ဟုတ်ကဲ့ဒေါက်တာ"

"သူရဒေါက်တာ့ကို အိမ်ရှေ့ထိလိုက်ပို့ပေးလိုက်ပါ"

"ဟုတ်ကဲ့မမလေး"

သျှားသည် ကုတင်ဘေးနားထိုင်ချလျှက် မြိုင့်အားကြည့်နေမိသည်..။

ဒေါက်..ဒေါက်

သျှားသည်အသံလာရာသို့လှည့်ကြည့်လျှက် တိုးတိုးလို့ဆိုကာ လက်ဖြင့်အမူအရာလုပ်ပြလျှက် အခန်းထဲမှထွက်လာလေသည်..။

"သူရ ကားပါကင်မှာမမရဲ့ကားကျန်ခဲ့တယ် သွားယူပေး"

"မမလေးမျက်နှာကဒဏ်ရာတွေ ဆေးမထည့်ဘူးလား"

"ငါကအရေးမကြီးဘူး အဓိကအရေးကြီးတာကမမပဲ ကဲထားပါ မမရဲ့ကားကိုဒီမောင်းလာခဲ့"

မမလေးရယ် ကျွန်တော့်အချစ်တွေကို တကယ်ပဲမမြင်တာလား မမြင်ချင်ယောင်ဆောင်နေရတာလားဗျာ...။

"ဟုတ်ကဲ့"

သျှားလဲ‌အဝတ်အစားလဲကာ မြိုင်ရှိရာအခန်းသို့ပြန်လာလေသည်..။

တစ်ဖက်တွင်မောင်လဲ ကားပြိုင်ကွင်းထဲတွင် ကားပတ်မောင်းလျှက် စိတ်လိုလက်ရပေါက်ကွဲနေမိသည်..။

နှင်းဆီစေလျှင်Where stories live. Discover now