Ep_41

273 19 0
                                    

"နှောင်းပြန်လာပြီလား"

"အင်း နှောင်းပင်ပန်းလို့အိပ်တော့မယ်မောင် မောင်လဲစောစောနားတော့"

နှောင်းသည် သူရိန့်မျက်နှာအား မကြည့်ပဲ စကားဆိုခြင်းပင်..

"နှောင်း အစ်ကို့ကို စိတ်ဆိုးနေတယ်ထင်တယ် မနက်ကျကြည့်ချော့လိုက် မြိုင်လဲအပေါ်တက်နားတော့မယ်"

"အင်း ဂရုစိုက်နော်မြိုင်လေး"

"ဟုတ်ကဲ့အစ်ကို"

.......... Time skip..........

"မောနင်းနှောင်း"

"အင်မောနင်းမောင်"

"မနေ့ကကိစ္စ မောင်တောင်းပန်ပါတယ် ရုတ်တရက်အလုပ်ပေါ်လာလို့ပါ မောင့်ကိုစိတ်မဆိုးနဲ့နော်"

"ရတယ် နှောင်းသိပါတယ်"

သူရိန်သည် အချိန်ကြာလာသည်နှင့်အမျှ နှောင်းကိုအရင်လိုအချိန်မပေးဖြစ်တော့ပေ..။

"နှောင်းက စိတ်ဆိုနေတဲ့ပုံစံကြီးနဲ့ မောင်အလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ မသွားနိုင်အောင်မလုပ်ပါနဲ့"

"အင်း ထားပါ ညနေ5နာရီကျ အသိညီမလေးဆီ လူနာသတင်းမေးသွားစရာရှိတယ်"

"စိတ်ချနှောင်း 5နာရီဒေါင်ဆိုတာနဲ့ နှောင်းရှေ့ရောက်လာစေရမယ်"

သူရိန့်စကားကြောင့် နှောင်းသည် သောက်လက်စကော်ဖီခွက်ကိုချကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးလျှက်..

"မောင် အလုပ်နောက်ကျနေမယ် သွားတော့လေ နှောင်းလဲသွားတော့မယ်"

"မောင်လိုက်ပို့ပေးမယ်လေနှောင်း"

"ရတယ်ဖူးပွင့်ကိုပြောပြီးသားဖြစ်နေလို့ သူလာကြိုလိမ့်မယ်"

"အော်"

..........Time skip..........

"နှောင်းပြန်လာပြီလား"

"အင်း ဖူးပွင့်လာလေထိုင်"

"မမအဆင်ပြေရဲ့လား"

"ပြေပါတယ် ဒါနဲ့ဖူးပွင့်က အလုပ်မဆင်းတော့ဘူးလား"

"ဖူးပွင့်ကမမအတွင်းရေးမှုးလေ မမမှမရှိတော့တာ ဖူးပွင့်ကအဲ့မှာဆက်လုပ်ဖို့မလိုတော့ဘူးလေ"

နှင်းဆီစေလျှင်Where stories live. Discover now