Ep_48

377 23 1
                                    

ထိုညတွင်တော့ သျှားတယောက် မျက်ရည်များကိုအဖော်ပြုကာ ကုန်ဆုံးလေသည်..။

.............Time skip.............

"အန်တီမောင်နဲ့အတူရှိနေချိန်တော့ စိတ်ရှုပ်စရာတွေကိုထားခဲ့ပါဗျာ"

"အင်း မောင်သိလား မောင်ကတို့ဘဝရဲ့ အလင်းတန်းလေးဖြစ်ခဲ့တယ်ဆိုတာ"

"အဟွန်း မောင်ကအန်တီ့ရဲ့ ဓူဝံကြယ်လေးပေါ့နော်"

"ဘယ့်နှယ်ဓူဝံကြယ်လဲမောင်ရယ် လမင်းတော့လုပ်ပါ"

"မလုပ်ပါဘူး လမင်းဆိုရင်လူတိုင်းရနိုင်မှာပေါ့အန်တီရ ဓူဝံကြယ်ဆိုတာက သတိထားမိတဲ့သူကခပ်ရှားရှားနဲ့ မောင်ကအန်တီ့တစ်ယောက်ထဲကို အလင်းပြမဲ့အန်တီ့ရဲ့ဓူဝံကြယ်လေးပဲလုပ်မှာ"

"ရှင်သိပ်စကားတတ်လွန်းတယ်အတ္တမောင်"

"ဒါကတော့ ဒေါ်သစ္စာမြိုင်ရဲ့အချစ်နဲ့ ထိတွေ့မိလို့ပါဗျို့"
............................................

"နှောင်း ကိုယ်တို့မုန့်လုပ်ကြမလား"

"နှောင်းမှမမြင်ရတာ ဘယ်လိုလုပ်နိုင်မှာလဲမှိုင်းရယ် စဉ်းစဉ်းစားစားလေးပြောပါအုံး"

"လာပါ နှောင်းကလုပ်နိုင်ရဲ့သားနဲ့"

မှိုင်းသည် နှောင်း၏လက်လေးအား
ဆွဲကာမီးဖိုချောင်သို့...

"ဒီမှာကြည့် ဒီလိုဆိုနှောင်းအကုန်လုပ်နိုင်ပြီမဟုတ်လား"

မှိုင်းသည် အနောက်မှနေ၍ နှောင်းလက်လေးနှစ်ဖက်အား ဆုပ်ကိုင်ကာဂျုံနယ်လေသည်..လူကောင်ညှက်သောနှောင်းသည် မှိုင်းရင်အုပ်ကျယ်ကျယ်ကြောင့် အရုပ်ကလေးလိုပင်ဖြစ်နေလေသည်..။

"အဟွန့်..အဟွန့် နှစ်ယောက်သားကြည်နူးနေတာ ဧည့်သည်လာတာကိုတောင် သတိမထားမိကြဘူးလား"

"ဖူးပွင့်လား"

"ဒါပေါ့ မမနှောင်းကိုအဖော်လာလုပ်ပေးတာ ပျင်းနေမှာဆိုးလို့"

"ဖူးပွင့်ရောက်တာနဲ့အတော်ပဲ ကိုယ်အပြင်ခနသွားအုံးမယ် ဆေးတွေဝယ်ရမှာမို့ နဲနဲတော့ကြာမယ်"

"သွားပါ သွားပါ ဖူးပွင့်အဖော်လုပ်ပေးလိုက်မယ်"

ထို့နောက်မှိုင်းလဲ ကားသော့နှင့် ပိုက်ဆံအချို့ယူကာ အိမ်မှထွက်လာခဲ့သည်..။

နှင်းဆီစေလျှင်Where stories live. Discover now