Ep_4

576 27 0
                                    

ဘုရားကအပြန် ၃ဦးသားဟော့ပေါ့ဆိုင်သို့ ရောက်ခဲ့လေသည် နှောင်းနဲ့သူရိန်တို့စကားဝိုင်းတွင် မပါဘဲမြိုင်ဟာ ဟော့ပေါ့သာစားနေလေသည် တစ်ဖက်ဝိုင်းမှအသံများကြောင့် မြိုင်မျက်လုံးဝေ့ကြည့်မိသော ဒေါင်ကောင်းကောင်းမိန်းမငယ်လေး‌တစ်ယောက်ဟာ ယောကျာ်းသား၄ယောက်နဲ့အတူ ပျော်ပါးသောက်စားနေသည်ကိုတွေ့သည် မြိုင်ဟာအလွန်အရှက်သည်းပြီး အိန္ဒြေကြီးလွန်းတဲ့မိန်းကလေးပီပီ မောင့်ကိုမြင်မြင်ချင်း မြိုင်ဟာနှာခေါင်းရှုံ့မိသည်။

မောင်သည်သွက်လက်သည် ထက်မြက်သည် ယောကျာ်းသားများနှင့် တန်းတူရင်ဘောင်တန်းနိုင်သည် သို့ပေတည်းမောင်သည် မိန်းမကိစ္စအရှုပ်အရှင်းရှိလေသည် မောင်သည်လူငယ်ပီပီ သောက်စားပျော်ပါးတတ်သည်။ ဖခင်ဦးဝဿန်၏အလိုလိုက်ထားမှုကြောင့် အနည်းငယ်ဆိုးချင်သည် မောင်၏အောက်တွင် မောင့်ထက်၆နှစ်ငယ်သော ညီမလေးတစ်ယောက်ရှိသည်။ ‌မောင်တို့ညီအစ်မနှစ်ဦးဟာ မိတဆိုးလေးမို့ ဖခင်ဦးဝဿန်‌သည် လိုလေသေးမရှိဖြည့်ဆည်းပေးသည်။ အကြီးဆုံးဖြစ်သောမောင့်အပေါ် ပို၍အားထားလေသည်။

နှောင်း ဟိုဖက်ဝိုင်းကမိန်းခလေးကိုကြည့်အုံး အရမ်းဗရုတ်ကျလိုက်တာ ယောကျာ်းလေးတွေနဲ့ ဟေဟေဟားဟားလုပ်နေတာ မြိုင်တို့မိန်းမသိက္ခာကျလိုက်တာ

ဟယ်မြိုင်ကလဲ ထားလိုက်ပါ နှောင်းတို့နဲ့လဲမသိဘဲ သူ့ဘာသာသူဘယ်လိုနေနေလေမြိုင်ရဲ့ ဘာလို့သွားကြည့်ပြီး အပြစ်ပြောနေတုန်း

ဟုတ်သားပဲမြိုင်လေးကလဲ ဒါကလူ့အခွင့်အရေးလေ My Body My Choice ပဲကို

ရပြီရပြီတော်တော့

ရှေ့နေလို့ကိုမပြောရဘူး ဘယ်စကားပြောပြော ရှေ့နေ့လေသံနဲ့ အကုန်လုံးပုဒ်မတပ်ဖို့ပဲ စောင့်နေတယ်

ဟောဗျာ အစ်ကိုကပြောပြတာလေ အစ်ကို့အပြစ်ဖြစ်ရောလားမြိုင်

မသိဘူးနေခဲ့တော့နှစ်ယောက်သား မြိုင်တော့ပြန်ပြီ

မြိုင်ဟာ လှသလောက်စိတ်ကတော့ လက်တဆစ်ရယ် သူရိန်တို့တော့ အိမ်မှာဆိုအမြဲအပြောခံနေကြထင်တယ်နော် ဗျာ အော် မဟုတ်ဘူးလေ နှောင်းပြောချင်တာ အိမ်မှာလည်းဘဲ မြိုင်ကသူရိန့်အပေါ်ခုလိုမျိုး ဂျစ်ကန်ကန်ပြန်ပြောနေကြထင်တယ်နော်လို့

နှင်းဆီစေလျှင်Where stories live. Discover now