Ep_31

295 19 0
                                    

"ဆိုင်သော့မင်းပဲယူထားလိုက်သျှား ဒီရက်ပိုင်းကစလို့ ငါဆိုင်လာတော့မှာမဟုတ်ဘူး"

"ဘာလို့လဲမမ"

"ငါ့အကြောင်းနဲ့ငါပါ"

သျှားတစ်ယောက်နေရာမှာတင် တစ်ယောက်ထဲငူငူငိုင်ငိုင်လေးဖြင့်ကျန်နေခဲ့လေသည်..။

အနှစ်နှစ်အလလသဘောကျခဲ့ရသူ အမျိုးသမီးအား တစ်ခြားသူလက်ထဲ ဘယ်လိုထည့်ရက်ပါ့မလဲ..ရင်တွေကွဲရပါရဲ့မမရယ်..။

"နှောင်း"

"မြန်သားပဲမြိုင်က"

"အစ်ကိုကဘယ်တော့ပြန်လာမတဲ့လဲနှောင်း"

"အခြေအနေအရ‌လို့တော့ပြောတာပဲမြိုင်ရယ် နှောင်းလဲအတိအကျကြီးမသိဘူး"

"အော်..အင်း"

ကလင်~⁠~⁠~ကလင်~⁠~⁠~ကလင်

"ဟလိုအန်တီမောင်ပါ"

"ပြောအတ္တမောင်"

"မောင် ရှေ့လကျရင်ပြန်ရောက်မယ်အန်တီမောင်လိုချင်တဲ့အဖြေမျိုးဖြစ်ဖို့မျှော်လင့်ပါတယ်ဗျို့"

"အဟွန်း မင်းသာအရောက်ပြန်ခဲ့ပါကွယ်"

"ဟုတ်ပါပြီဗျာ ဒါဆိုဒါပဲနော်အန်တီမောင်အလုပ်လေးပေါ်လာလို့ဖုန်းချတော့မယ်"

"အင်း ကောင်းကောင်းလုပ်ခဲ့အလုပ်ကို"

"ဟုတ်ကဲ့ပါဗျာ တာ့တာ ချစ်တယ်နော်အန်တီ မွ"

မောင်သည်ဖုန်းချပြီးနောက် မိုးပေါ်သို့ကြည့်ကာ.. မောင်လိုချင်တဲ့အဖြေကို ပေးဖို့သာအသင့်ပြင်ထားအန်တီရေ အန်တီ့ဆီမောင်လာပြီ...။

"ဘာတဲ့လဲမြိုင် ပြန်လာတော့မယ်တဲ့လား"

"အင်း ရှေ့လထဲကျလို့ပြောတာပဲ"

"အော်"
.........................

"အော်သမီးတို့ပြန်လာကြပြီပဲ ကြီးစောသံပုရာရည်ဖျော်ပေးရအုံးမလား"

"နေပါစေ မြိုင်တို့ပင်ပန်းလာလို့နားတော့မယ်"

"ဒါဆိုကြီးစောညစာပြင်ထားလိုက်မယ် သမီးတို့ရေချိုးပြီးဆင်းလာကြလေနော်"

"ဟုတ်ကဲ့"

"သမီးတို့အကြိုက်ချက်ပေးထားတယ် တစ်ခုခုလိုတာရှိရင်ခေါ်လိုက်နော်ကြီးစောအနောက်အိမ်မှာရှိမယ်"

နှင်းဆီစေလျှင်Where stories live. Discover now