“ဟာ နှောင်းနော် ထားစရာလား မြိုင်တို့ကအပူတွေမလိုချင်လို့ခုချိန်ထိ တစ်ယောက်ထဲနေလာတာပါနော် နှောင်းတို့အစ်ကိုတို့ကသာကိုယ့်အပူကိုကိုယ်ရှာနေကြတာ”
မြိုင်တို့သုံးဦးသားစကားကျနေရင်းသီချင်းပြီးသွားတာတောင်မသိလိုက်ပါ မောင်သည်သီချင်းအဆုံးတွင်
“ချစ်တယ် ဒေါ်သစ္စာမြိုင် ကျုပ်ပြောတာကြားရဲ့လားဗျာ့ ခင်ဗျားကိုချစ်တယ်ဗျို့”
မောင့်ရဲ့အော်ပြောလိုက်သောစကားကြောင့်မျက်နှာရဲတက်သွားသူမှာမြိုင် သူရိန်နဲ့နှောင်းဟာကြားရသောစကားကိုပင်မယုံနိုင်ကြပါ
ဒုတိယတစ်ကြိမ်မောင်မှ
“ချစ်တယ် ဒေါ်သစ္စာမြိုင် ဒီစကားကိုကြားရင်အိမ်ရှေ့မှာရှိတဲ့ကျုပ်ကိုလာတွေ့ပါ မဟုတ်ရင်ခင်ဗျားကိုချစ်ပါတယ်ဆိုပြီးကျုပ်တစ်ညလုံးထိုင်အော်နေမှာ”
မြိုင်သည် အပျိုကြီးပီပီ အရှက်သည်းလွန်းလှသည် မောင့်ရဲ့ဒုတိယတစ်ကြိမ် စကားအပြီး မြိုင့်ခြေလှမ်းတွေဟာ ခြံရှေ့သို့ဦးတည်သွားလေသည် သူရိန်နဲ့နှောင်းဟာလဲ မြိုင့်နောက်မှအပြေးလေးလိုက်လာကြသည်။
"မင်းမရှက်တတ်ဘူးလား မိုးအတ္တမောင်"
"ကျုပ်ကဘာလုပ်နေလို့ရှက်ရမှာတုန်းဒေါ်သစ္စာမြိုင်ရဲ့"
"မင်း ငါ့အိမ်ရှေ့လာပြီး ခုနစ်အိမ်ကြား ရှစ်အိမ်ကြား သီချင်းတွေအော်ဆိုနေတာလေ ဒါ့အပြင် ချစ်ရေးဆိုတာတွေပါ မင်းမှာအရှက်တရားမရှိဘူးလား ဟမ်!!"
"ကျုပ်ကချစ်လို့ချစ်တယ်ပြောတာလေဗျာ ဘာကိုရှက်ရမတုန်း"
"အို....ဒီမှာ မင်းကမရှက်တတ်ပေမဲ့ငါရှက်တယ် အသိုင်းနဲ့အဝိုင်းနဲ့နေလာတာ မင်းငါ့ကိုမလေးစားရင်တောင် ငါ့ပတ်ဝန်းကျင်ကလူတွေကိုတော့လေးစားသင့်တယ်"
မြိုင်သည် မောင့်လုပ်ရပ်အပေါ်တလွဲတွေးမိပြန်သည် မောင်စုတ်တစ်ချက်သပ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်လေသည်
"မဟုတ်ဘူးအန်တီ ကျူပ်အန်တီ့ကိုမထီမဲ့မြင်လုပ်တာလဲမဟုတ်သလို မလေးစားတာလဲမဟုတ်ပါဘူးဗျာ ကျုပ်အန်တီ့အပေါ်ထားတဲ့စိတ်ကို အန်တီသိအောင်လို့ဖွင့်ဟဝန်ခံရုံပါ"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...