Ep_40

324 20 0
                                    

"မောနင်းဒယ်ဒီ"

"မောနင်းမောင် လာကော်ဖီသောက်"

"ဟုတ်ကဲ့"

"သတင်းကောင်းက ဒယ်ဒီတို့ဘယ်နေ့ကြားရမလဲမောင်"

"မကြာခင်ပေါ့ဒယ်ဒီရာ ဒယ်ဒီ့ထက်မောင်ကပိုလို့တောင် စိတ်လောနေသေးတယ်"

"ဟုတ်ပါပြီကွာ ဒါနဲ့အလုပ်လုပ်ရတာကော အဆင်ပြေရဲ့လား ဒယ်ဒီကမောင့်ကို ရုံးခွဲကိုသာပို့ရတာ စိတ်ကမချဘူး ဒယ်ဒီနဲ့အတူလာကုမ္ပဏီမှာပဲ လာလုပ်ပါဆိုတော့လဲဘက်မခံ"

"အဆင်ပြေပါတယ်ဒယ်ဒီရာ ရုံးခွဲကအန်တီတို့အိမ်နဲ့နီးတယ်လေ"

"အော် လက်စသတ်တော့မင်းက ဒီရုံမြင်လို့ဒီချုံထွင်တာပေါ့လေ ဟုတ်လားကွ"

"ဒါပေါ့ မေးစရာတောင်မလိုဘူး ‌မောင်အလုပ်သွားတော့မယ်ဒယ်ဒီ တာ့တာ ညနေကျတွေ့မယ်"

"ဟုတ်ပြီ ဟုတ်ပြီ"

မောင်သည် အရင်လိုပွေရှူပ်ခြင်းမရှိပဲ အလုပ်အကိုင်အတည်တကျ ရှိလာလေပြီ..အချစ်ကြောင့် ပြောင်းလဲလာတယ်ဆိုရလေမလား မောင်ဟာတစ်ခြားလူတစ်ယောက်ပမာ ပြောင်းလဲလာသည်..။

"သမီးမြိုင် အိမ်မှာပဲနေရတာမပျင်းဘူးလားသမီး"

"ဒီလိုပါပဲကြီးစောရယ် မြိုင်ပျင်းလာတဲ့အခါ မာဖလာလေးတွေထိုးနေမှာပေါ့"

"သမီးကိုကြည့်ရတာ စိတ်မချမ်းသာလိုက်တာကွယ် တစ်ရက်ထက်တစ်ရက် ပိုပိန်လာသလိုပဲ ဆေးတွေမသောက်ပဲ အရင်လိုလွှင့်ပစ်ပြန်ပြီလား"

"မြိုင်မှဆေးတွေမသောက်ချင်တော့တာကြီးစောရယ် ဒါတွေထားပါ မြိုင်ကြီးစောအတွက် အင်္ကျီထိုးပေးဖို့ ကိုယ်တိုင်းလေးယူမယ်နော်"

"ဟုတ်ပါပြီရှင် ကြီးစောကလဲသမီးအတွက် မုန့်နဲ့အအေးယူလာခဲ့ပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ကြီးစော"

တီ...တီ

"ဟော သမီးလေးအတ္တကားပဲ"

"နေ နေ ကြီးစော မြိုင်သွားဖွင့်လိုက်မယ် ကြီးစောက မြိုင်နဲ့မောင့်အတွက် အအေးနဲ့မုန့်လေးပဲ ပြင်လာခဲ့ပေးနော်"

နှင်းဆီစေလျှင်Where stories live. Discover now