"ဆရာ နေ့လည်စာလေးတော့စားလိုက်ပါ ဆရာရယ် ဆရာဘာမှမစားပဲ ဒီလိုပဲသောက်နေလို့မှမရတာ"
"..."
"ဆရာ ဆရာ"
သူရိန့်ဆီမှပြန်ဖြေသံမကြားသည်မို့ ဂုဏ်ရှိန်သည် ကြီးစောထံမှ သော့အပိုတောင်းကာ သူရိန့်အခန်းထဲသို့ဝင်လာလေသည်..။
ကုတင်ခြေရင်းတွင်လဲကျနေသော သူရိန့်အားအမြန်တွဲထူကာ ဆေးရုံသို့အလျင်အမြန်ထွက်လာခဲ့လေသည်..။
"ဒေါက်တာဆရာ့အခြေနေက"
"လူနာကအစားမစားတာရယ် အလွန်အကျွံသောက်တာရယ်ကြောင့်ပါ သိပ်ပြီးလဲစိုးရိမ်မနေပါနဲ့ ပြန်ကောင်းလာမှာပါ"
ဆရာဝန်ထံမှကြားရသော စကားကြောင့်သာ ဂုဏ်ရှိန်သက်ပြင်းချနိုင်လေသည်..ထို့နောက်ဂုဏ်ရှိန်သည် အိမ်သို့ပြန်၍ လိုအပ်သည်များယူရန် ဆေးရုံခန်းထဲမှ ထွက်လာလေသည်..။
ကားပါကင်တွင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဂုဏ်ရှိန်အိမ်သို့မပြန်ဖြစ်ပေ..အကြောင်းမှာ နှောင်းနှင့်မှိုင်းစကားပြောနေသော ပုံရိပ်ကြောင့်ပင်...။
"ဆရာကတော်.."
ဂုဏ်ရှိန်သည် မှိုင်းတို့ကားနောက်မှ တိတ်တိတ်လေး နောက်ယောင်ခံလိုက်လာလေသည် မှိုင်းတို့အိမ်ရှေ့အရောက် ကားနံပါတ်နှင့် အိမ်နံပါတ်အားဓာတ်ပုံရိုက်ကာ အိမ်သို့ပြန်လာလေသည်..။
"မှိုင်းအစစအရာရာအတွက် ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ်လုပ်ပေးသင့်တာပါ နှောင်းနားတော့မလား"
"ဟင့်အင်းနှောင်းကို ဝရံတာဆီခေါ်သွားလို့ရမလား"
မှိုင်းသည် နှောင်းလက်အားတွဲကာ ဝရံတာသို့ထွက်လာလေသည်..။
ဂုဏ်ရှိန်သည် အိမ်သို့ပြန်ရောက်သည်နှင့် သူရိန့်အတွက်လိုအပ်သည်များယူကာ ဆေးရုံသို့ပြန်လာလေသည်..။
"အန်တီမောင်တို့ပြန်ရောက်ရင် လက်ထက်ကြမလားဟင်"
"စောပါသေးတယ်မောင်ရယ် မောင့်ဘဝကခုမှအညွှန့်တလူလူတက်နေတာ မြိုင့်အတွက်ကြောင့်နဲ့အညွှန့်ကျိုးမှာကိုတော့ မလိုချင်ပါဘူး"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...