ဒေါ်အဟွာ ကျွန်တော့်ကိုမှတ်မိလား
ဟမ်?
ကျွန်တော်လေ ဒေါ်အဟွာရဲ့ အသက်ကအရမ်းမကြီးသေးပဲ မေ့တတ်နေပြီလား
“…….”
ဟော ကြည့်ရတာတစ်ကယ်မမှတ်မိတဲ့ပုံပဲ ဒါဆိုကျွန်တော်အစဖော်ပေးမယ် လွန်ခဲ့တဲ့စနေနေ့တုန်းက ဟော့ပေါ့ဆိုင်ရှေ့မှာ တိုက်မိခဲ့တဲ့သူလေဗျာ
မင်း!!
မှတ်မိပြီလား ကျွန်တော့်ကို
အင်း တို့သိပြီ
"မှတ်မိပြီလား အဲ့တုန်းကရော ခုရော ဒေါ်အဟွာကလှရက်လွန်းတယ် ပြီးတော့ချစ်ဖို့လဲကောင်းတယ်" ဟုဆိုကာ မျက်လုံးမှိတ်ပြလေသည်။
မောင်သည် မြိုင့်ကိုရီသဲ့သဲ့စကားဆိုလေသည် မောင့်ရဲ့ရဲတင်းလွန်းသောအပြုအမူမျိုး မြိုင်သဘောမကျပါ မြိုင်သည်စိတ်ထဲတွင် ဒီလူမြန်မြန်သာပြန်ပါတော့ဟု အကြိမ်ကြိမ်ရေရွတ်မိလေသည်။
မြိုင့်နည်းတူမောင်ဟာလဲ ပန်းဆိုင်ထဲသာ အချိန်ကုန်ရန် အကြံထုတ်နေမိသည် မောင်သည်ခေတ်ဆန်တဲ့မိန်းခလေးတွေသာ သဘောကျပါသည်
ဒီအမျိုးသမီးနဲ့ကျမှသူ့စိတ်တွေ ဘယ်လိုဖြစ်မှန်းမောင်ကိုယ်တိုင်တောင်မသိတော့ပါ မောင်သည်ထို့နေ့မှစ အကြောင်းမရှိအကြောင်းရှာ မြိုင်ရှိရာပန်းဆိုင်ဆီသို့ အမြဲလာဖြစ်သည်
အချိန်တွေကြာလာသည်နှင့်အမျှ မောင့်အပေါ်မှာ မြိုင်ဟာပိုစိုးမိုးလာခဲ့သည် မြိုင်သည်အမြဲလိုလို ဆံနွယ်ရှည်တွေကို ထုံးဖွဲ့တတ်သည်ကို မောင်သတိထားမိသည်။
နောက်တခါသွားရင် မြိုင့်အတွက်ဆံထိုးလေး လက်ဆောင်ပေးမည်ဟု မောင်စိတ်ကူးလေသည်။ မြိုင့်ဆံနွယ်ရှည်တွေဟာ ကျောက်စိမ်းဆံထိုးနဲ့ဘယ်လောက်လိုက်ဖက်မည်ဖြစ်ကြောင်း တွေး၍မောင်တစ်ယောက်ပျော်နေမိသည်။
နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် မောင်သည်ကျောက်စိမ်းဆံထိုးလေးယူ၍ မြိုင်ရှိရာဆိုင်သို့ ထွက်လာခဲ့သည်။ သို့သော်စိတ်ကူးနဲ့လက်တွေ့ဟာ တစ်ထပ်တည်းမဖြစ်ခဲ့ပါ
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...