Ep_7

512 20 0
                                    

‌မောင်သည် အာကာတို့သုံးဦးအား မကြည်သလိုကြည့်ကာ "မင်းတို့တွေ ငါ့ကိုလှောင်ဖို့တစ်နေ့လုံး ခြေတိုအောင်လိုက်ရှာနေကြတာလား"ဟု အော်လိုက်လေသည် သို့မှသာသုံးဦးသား ရီချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်

စကားဝိုင်းသည် ခေတ္တမျှတိတ်ဆိတ်သွားလေသည် မောင်သည်တိတ်ဆိတ်မှုကိုဖြိုခွင်း၍ စကားဆက်လေသည် "ငါဘာဖြစ်နေပြီလဲမသိဘူး"အာကာ အဲ့အမျိုးသမီးက ငါ့လက်ဆောင်ကို ငြင်းလိုက်လို့ စိတ်ဆိုးတာလား ဒါမှမဟု ဝမ်းနည်းသွားတာလား ငါမသိဘူး

"ဒါပေမဲ့ သူ့ရဲ့အဲ့ဒီစကားကြောင့် ငါ့ရင်ဘက်က အတော်နာနေတာကိုတော့ ငါသိတယ်" မောင်ဟာသူ့ရင်ဘက်လေးအား လက်ဖြင့်ပုတ်ပြ၍ ပြောလေသည်

ထက်ယံမှာ စနောက်သလို "ငါတို့လူကတော့ ချစ်မိနေပြီထင်တယ်" ဟု မောင့်အားပြောလေသည် ထက်ယံစကားအဆုံး မောင်ဟက်ဟက်ပက်ပက်ရီမိသည်

မောင်သည် ခေတ်နောက်ပြန်ဆွဲတာတွေကို သဘောမကျတတ်သလို ကိုယ့်ထက်အသက်ကြီးကြီး မိန်းမတွေနဲ့လဲ မတွဲတတ်ပေ မြိုင်ဟာမောင့်ထက် အသက်ကြီးသည့်အပြင် အရာအားလုံးဟာ မောင်နှင့်ဆန့်ကျင်ဘက်ပင်

မောင်သည် ခေတ္တမျှ ပြန်ငြိမ်သွားလေသည် ထိုအချိန်တွင် ဇွဲမာန်မှစကားဆိုလေသည် "အတ္တ မင်းလဲငယ်တော့တာ မဟုတ်ဘူး အရင်လိုမကစားနေလဲ အတည်သာတွဲပါတော့ဟ" ဇွဲမာန်အပြောကိုမောင်သဘောမကျပါ

မောင်သည် မိန်းကလေးတွေကို ထည်လဲတွဲကာ အချစ်ဆိုတာကိုအယုံအကြည်မရှိပေ အချစ်ကဘယ်အရာမှာမှ အသုံးမဝင်ဘူးဟု ကြွေးကြော်တတ်သလို ငါ့နှလုံးသားကိုဘယ်သူကမှ မလှုပ်ခတ်နိုင်ဘူးလို့လဲ ကြွားဝါပြောတတ်သည်

မောင့်စိတ်တွေ မောင်ကိုယ်တိုင်တောင်အစိုးမရနေပါ တစ်ဖက်တွင်မြိုင်ဟာလည်း မိမိအပြုအမူကို ပြန်ဆန်းစစ်မိကာ မောင့်အပေါ်အားနာနေမိသည် မြိုင့်ဆိုင်ကိုမောင်မလာတာ သုံးရက်မြှောက်နေ့ မြိုင့်မသိစ်ိတ်ကမျှော်နေမိသည်

မောင်နဲ့သာတွေ့ရင် သူတောင်းပန်မည်ဟု စဉ်းစားထားသည် သို့သော်မောင်မလာခဲ့ပေ။

နှင်းဆီစေလျှင်Where stories live. Discover now