Ep_51

357 31 2
                                    

"မောင်သဘောကျရဲ့လား"

"ဒါပေါ့အန်တီ့ဆီကရတာမှန်သမျှ မောင်ကတော့သဘောကျပြီးသားပဲ"

"ဒီမှာကသိပ်မအေးဘူးဆိုပေမဲ့ တခါတလေကျ လိုအပ်လာပါလိမ့်မယ် အဲ့ဒီအခါကျ မောင်မဝယ်ရတော့ဘူးပေါ့"

"ကျေးဇူးပါမောင့်အသက်ရယ် မောင်ပြန်တော့မယ်နော် မနက်ဖြန်ကျတခေါက်ထပ်လာခဲ့မယ်"

"ဂရုစိုက်ပြန်မောင်"

မောင်သည်မြိုင့်အားနှုတ်ဆက်ကာ အိမ်သို့ပြန်လာလေသည်..။

"ဒယ်ဒီ"

"အေး ပြန်လာပြီလားမောင် ဘယ်လိုလဲ ဟိုမှာပျော်ခဲ့ရဲ့လား"

"ပျော်တာမှအရမ်းပဲဒယ်ဒီရာ ‌ပြီးတော့မောင့်စိတ်ကိုလဲ မောင်သေချာသိခဲ့ရပြီ မောင်အန်တီ့ကို လက်ထက်ခွင့်တောင်းမယ်ဒယ်ဒီ"

"ဟေ!!"

မောင်သည်ပြုံးရွှင်စွာဖြင့် အိမ်ပေါ်ထပ်သို့တက်သွားလေသည်..။

..........At the 8:00 Pm..........

"နှောင်း မောင့်ကိုဘာလို့ခုထိ စကားမပြောသေးတာလဲ ပြောစရာမရှိဘူးလား"

"ရှင့်ကိုဘာပြောရမှာလဲ ကျွန်မမှာရှင့်ကို‌ပြောစရာဆိုလို့ စိတ်နာစရာပဲရှိတယ် တစ်ခါနာကျင်ရရုံနဲ့ မလုံလောက်လို့လားသူရိန်"

"မောင်တောင်းပန်ပါတယ်"

"တောင်းပန်တော့ကော ကျွန်မနာကျင်ခဲ့ရတာတွေက ပျောက်သွားမှာလား"

သူရိန်သည်မည်သည့်စကားမှမဆိုပဲ ခြင်ဆေးဘူးလေးအားယူကာ နှောင်းလက်ကိုကိုင်လေသည်..။

"ကျွန်မလက်ကိုလွှတ်ပေးသူရိန်"

"မောင် မင်းကိုဘာမှမလုပ်ပါဘူးနှောင်းရယ် ခြင်ဆေးလေးလိမ်‌းပေးချင်ရုံပါ"

"ဖယ်စမ်းပါ ဒါတွေကျွန်မအတွက် မလိုအပ်ဘူး"

"မင်းအသားနုနုလေးတွေ ခြင်ကိုက်ခံရင် အနီစက်တွေဖြစ်ကျန်လိမ့်မယ် ငြိမ်ငြိမ်လေးနေပါ ပီးရင်မောင်အပြင်ထွက်ပေးပါ့မယ်"

သူရိန်သည် နှောင်းလက်လေးအား ဆေးလိမ်းပေးပြီးသည်နှင့် အပြင်သို့ထွက်လာကာ နှောင်းအခန်းရှေ့၌ အိပ်စောင့်ပေးလေသည်..။

နှင်းဆီစေလျှင်Where stories live. Discover now