Ep_57

524 32 1
                                    

မျက်နှာပေါ်သို့ကျလာသော နေခြည်နုနုကြောင့် မောင်တစ်ယောက်ကုတင်ပေါ်တွင် လူးလှိမ့်နေလေသည်..။

"မောင်ထတော့လေ အန်တီမနက်စာပြင်ပြီးသွားပြီ"

"အန်တီအာဘွားပေးရင်ထမယ်"

"မောင်နော် ထပါလိမ္မာတယ်"

"အန်တီအာဘွားပေးရင်ထမယ်ဆို"

"တစ် နှစ်..."

"ထပြီ ထပြီ တစ်ကယ်ပါပဲ အာဘွားလေးပေးခိုင်းတာကို မပေးချင်လဲနေပေါ့"

"မောင်ကလဲကလေးကျလို့ သွားရေမိုးချိုးတော့ မြိုင်ထမင်းစားခန်းမှာစောင့်နေမယ်"

"သွားပြီ သွားပြီ"

မောင်သည် လိုချင်တာမရသည့်ကလေးပမာ နှုတ်ခမ်းလေးထော်၍ ရေချိုးခန်းထဲသို့ဝင်သွားလေသည်..။
..........................................

"မှိုင်း..ခင်ဗျားကိုတော့ တကယ်လေးစားတယ်"

"ဘာကိုတုန်းကွ အစမရှိအဆုံးမရှိ"

"မနေ့ကမင်္ဂလာပွဲကို ခင်ဗျားအပြီးထိကြည့်နေခဲ့တာလေ"

"မင်းကဘယ်လိုသိတာ.."

"မနေ့ကမြင်လိုက်ပါ လျှပ်တပြတ်ပေါ့"

"ညကမင်းတော်တော်မူးနေတာနော် ငါအိမ်ပြန်လိုက်ပို့ပေးထားရတာ"

"ညက.."

"အေးလေမင်းအမူးလွန်နေလို့ ငါအိမ်ပြန်လိုက်ပို့ပေးတာ"

"မသိတော့ပါဘူး ညကကိစ္စတွေမမှတ်မိတော့ဘူး"

"ဘာလို့မြိုင့်ကိုဖွင့်မပြောခဲ့တာလဲ"

"ဖွင့်ပြောပေမဲ့ နောက်ကျလွန်းသွားခဲ့တာမျိုးလား"

"ထားပါစိတ်ညစ်စရာတွေ မင်းအသက်ကငယ်ပါသေးတယ် ဖူးပွင့်ရာ တစ်ခြားယောကျာ်း တစ်ယောက်ယောက်ကိုထပ်ရှာကြည့်ပေါ့"

"လွန်ခဲ့တဲ့နှစ်တွေကတည်းက မမကိုသဘောကျခဲ့တာ ဖူးပွင့်ကလေးဘဝကတည်းကဆို ပိုမှန်မယ်"

"တစ်ခါတစ်လေမှာ အချစ်လို့ထင်ရပေမဲ့ စွဲလမ်းစိတ်မျိုးလဲဖြစ်နေတတ်တယ်"

"ငါ့ကိစ္စကထားပါ မှိုင်းသာအဆင်ပြေအောင်နေ"

"အေးဆေးပါကွာ နှောင်းပျော်နေတာပဲ သူအဆင်ပြေရင်ကို ငါ့အတွက်ကလုံလောက်နေပါပြီ"

နှင်းဆီစေလျှင်Where stories live. Discover now