Ep_24

286 19 0
                                    

ထို့နေုာက်မြိုင့်ကားလေးဟာ စားသောက်ဆိုင်သို့တရွေ့ရွေ့...

"အန်တီကဒီဆိုင်မှာစားနေကြလား"

"အင်း ဒီဆိုင်ကလက်ရာကောင်းတယ်လေ"

"မင်းမကြိုက်ဘူးလား မင်းမကြိုက်ရင်တစ်ခြားဆိုင်သွားမယ် ကားပြန်ကွေ့လိုက်"

"ကြိုက်ပါတယ် အန်တီနဲ့အတူသာဆိုမောင်အကုန်သဘောကျတယ်"

"ခနလေးနော်အန်တီ မောင်ကိုယ်တိုင်ကားတံခါးဖွင့်ပေးချင်လို့"

"အင်း"

မောင့်အပြုအမူတွေကြောင့် နှလုံးခုန်သံတွေဟာ ပုံမှန်ထက်2ဆလောက်မြှင့်တက်သွားသည်...

သစ္စာမြိုင်ရေသတိလေးလဲထားပါအုံးဟဲ့ မြိုင်ကိုယ့်ကိုကိုယ်သတိပြန်ပေးနေမိသည် ဒီခလေးမအပေါ်သံယောဇဉ်ပိုမိလို့မဖြစ်ဘူး...နင့်လိုရောဂါသည်က သူ့လိုအညွန့်တလူလူဖြစ်နေတဲ့သူနဲ့ မအပ်စပ်ဘူး

"အန်တီ"

"အော် ကျေးဇူးပါအတ္တမောင်"

"အန်တီဘာစားမလဲ"

"မင်းသဘောပါအတ္တမောင် မင်းမှာလိုက်"

"အာ ဟုတ်ကဲ့ပါအန်တီ"

"အာ ကိုယ်တို့ကို Medium Beef Steak2ပွဲပေးပါ နောက်ပြီး juiceကိုတော့Soft drinks2ခွက်ပေးပါ"

"ဟုတ်ကဲ့ပါဗျာ့"

"အန်တီ ဒီဝိုင်းကိုမောင်ပဲရှင်းပါရစေလား မောင်ကျွေးချင်လို့ပါ"

"မင်းမသွားခင်တို့ကထမင်းတစ်နပ်ကျွေးချင်လို့ပါအတ္တမောင် မကျွေးရဘူးလား?"

"မဟုတ်ပါဘူးဗျာ ဒါဆိုလဲမောင်ပြန်ရောက်တဲ့အခါ အန်တီ့ကိုdinnerလိုက်ကျွေးပါ့မယ်"

"အင်း"

"Steakကအန်တီဘယ်လိုသဘောကျလဲမသိလို့mediumပဲမှာလိုက်တာ"

"အဆင်ပြေပါတယ် တို့လဲmedium steakပဲစားတာ"

"ဒါဆိုမောင်နဲ့အကြိုက်တူတာပဲ အဲ့တာကိုဖူးစာလို့ခေါ်တယ်အန်တီရဲ့"

"ဟယ် အံ့ဩစရာ"

ထို့နောက် မှာထားသောအစားစာများအား စားပွဲ‌ပေါ်သို့လာချပြီးနောက်..

နှင်းဆီစေလျှင်Where stories live. Discover now