Ep_8

478 23 0
                                    

မြိုင်သည် တစ်ဖက်ကခွင့်လွှတ်သည်ဆိုသည့် စကားပင်မစောင့်ပဲ မောင်ရှိရာနေရာမှ လှည့်ထွက်လာသည် မောင်သည်နေရာမှာတင် ပြုံးပြုံးကြီးကျန်ခဲ့လေသည်

ထိုအဖြစ်အပျက်ကို အစဆုံးမြင်တွေ့လိုက်ရတဲ့ အာကာတို့သုံးဦးဟာ မောင့်အခြေနေကို အကဲခတ်မိကာ သဘောပေါက်လေသည်

"မင်း အဲ့ဒေါ်သစ္စာမြိုင်ဆိုတဲ့ မိန်းမကြီးကိုချစ်မိနေပြီလားအတ္တ"ဟု သုံးဦးသားနှုတ်က သံပြိုင်ထွက်မေးကြလေသည်။

မောင်သည် ဒီတစ်ခါတွင်တော့ ခါတိုင်းလိုမငြင်းပါ "ငါမသိဘူး သူနဲ့ရှိရင် ငါ့ရင်ထဲကအကောင်ပေါက်လေးက အပြင်ကိုခုန်ထွက်မဲ့လား ကဆုန်ပေါက်နေ‌တာတော့သိတယ်"ဟုဖြေလေသည်။

မောင့်အဖြေကို သူတို့မအံ့ဩမိပါ ဒီရက်တွေအတွင်း မောင့်အပြုအမူကို သူတို့သတိထားမိကြလေသည်

တစ်ခါမှရင်မခုန်ဖူးသည့် မောင့်အတွက် မြိုင်နဲ့ပတ်သက်၍‌ဖြစ်ပေါ်လာတဲ့ ခံစားချက်ဟာ ဆန်းသစ်လှသည် မောင်ကြိုးစားမည် ‌သစ္စာမြိုင်ကိုမောင့်အပိုင်ဖြစ်အောင် လုပ်မည်ဟု တစ်ကိုယ်တည်းကြားရုံမျှ ပြောမိသည်။

မောင်သည်မြိုင့်ကိုရဖို့ ကြိုးစားသည့်အချိန်တွင် မြိုင်သည် မောင့်ကိုပိုမျက်မုန်းကျိုးမိ၏ အမြဲယောကျာ်းလေးတွေ တစ်ရုန်းရုန်းနဲ့ရှိနေတာမျိုး မြိုင်သဘောမကျပါ မိန်းခလေးဟာ မိန်းခလေးပီပီ ဗိုင်းကောင်းကျောက်ဖိနေရမည်ဟုသာ မြိုင်တွေးသည်

သို့ကြောင့် ခေတ်ရှေ့ပြေးလွန်းတဲ့မောင်ဟာ မြိုင့်အမြင်တွင် ကပျက်ကယက်နိုင်ခဲ့လေသည်။

မောင်မသိပေ မြိုင့်ကိုပိုင်ဆိုင်ရဖို့မည်သို့မည်ပုံ ကြိုးစားရမည်ကို မောင်မတွေးတတ်ပေ မြိုင်နှင့်မောင်ဟာ ရေနှင့်မီးပမာကွာခြားလှသည် မြိုင်ကအဖြူဆိုမောင်ကအမဲ ဆန့်ကျင်ဘက်လူနှစ်ယောက်ဟာ ချစ်သူတွေဖြစ်နိုင်ပါ့မလား

မောင်ရင်မောရသည် မြိုင့်ကြောင့်မောင်ရင်မောရပါသည် မြိုင့်အကြိုက်တွေကိုမောင်မသိပါ မြိုင်နေတဲ့နေရာမောင်မသိပါ မြိုင့်ဆီအဆက်အသွယ်လုပ်လို့ရတဲ့ဖုန်းနံပါတ်လဲ မောင်မသိပါ

နှင်းဆီစေလျှင်Where stories live. Discover now