မြိုင်ခေတ္တမျှတိတ်ဆိတ်မိသည် ဟုတ်ပါသည် မောင်သည်မြိုင့်အပေါ်ဘာအမှားမှ မကျူးလွန်ပါပဲ မောင့်ကိုအသားလွတ်အမြင်မကြည်ဖြစ်နေချင်းဟာလွန်ပါသည် မောင်မေးတာဟာသဘာဝကျပါသည်
"အန်တီ မောင်မေးတာဖြေလေ ဖြေပါဗျာ ဘာလို့လဲမောင့်ကိုဆို ဘာလို့အကောင်းမမြင်ရသလဲ မောင့်အချစ်ကိုဘာလို့လက်မခံရသလဲအန်တီရာ ဘာလဲမောင်ကမိန်းမဖြစ်နေလို့လား"
"မဟုတ်ဘူးမိုးအတ္တမောင် မင်းကမိန်းခလေးဖြစ်နေလို့ ငါပြန်မချစ်နိုင်တာမဟုတ်ဘူး ငါမင်းကိုအသားလွတ်ကြီးအမြင်မကြည်ခဲ့တာတွေအတွက်တော့ တောင်းပန်တယ်"
"ဒါဆိုဘာလို့လဲအန်တီ ဘာလို့မောင့်ကိုဆိုခါးခါးသီးသီးဖြစ်နေရတာလဲ မောင့်ကိုမကြိုက်တဲ့အချက်တွေရှိရင်ပြောပါအန်တီ မောင်ပြင်ပါ့မယ်"
"အကုန်လုံးပဲ"
"ဗျာ"
"ဟုတ်တယ် ငါအမုန်းဆုံးက လက်ကြောမတင်းတဲ့လူတွေပဲ ရည်မှန်းချက်မရှိ ပေါ့ပြက်ပြက်နေတဲ့သူတွေပဲ"
"မောင်ပြင်ပါ့မယ် အန်တီသဘောကျတဲ့ပုံစံဖြစ်အောင်ကြိုးစားပါ့မယ် အန်တီ့စကားလဲနားထောင်ပါ့မယ်လို့ မောင်ကတိပေးတယ်"
"ဒါဆိုမင်းပြန်တော့ ငါလုပ်စရာရှိတယ်"
"ဟုတ်ကဲ့ပါ အန်တီ"
ထွက်သွားသော မောင့်ကျောပြင်လေးအားကြည့်ရင်း မြိုင်ကရုဏာသက်မိပါသည် မောင်နဲ့ဆုံတိုင်း နှလုံးခုန်နှုန်းဟာ၂ဆမြန်လာတာကို မြိုင်ကိုယ်တိုင်သတိထားမိတာတောင် မကြာသေးပါ မြိုင်စမ်းကြည့်ချင်ပါတယ် မြိုင့်ရဲ့စိတ်တံခါးကို မောင်ဆိုတဲ့လူသားလေးအတွက် ဖွင့်ပေးချင်မိပါသည်
"မမမြိုင် နှင်းဆီတွေအသင့်ဖြစ်နေပါပြီ"
"အော် ဟုတ်ပြီဖူးပွင့် မြိုင်လာခဲ့မယ်နော်"
"မမမြိုင်"
"ပြောလေ ဖူးပွင့်"
"မမမြိုင်ပန်းစည်းတာက ကျက်သရေရှိလိုက်တာ လှလဲလှတယ်"
"တို့ကိုမလိမ်နဲ့ဖူးပွင့်"
"ရှင်"
"မင်းပြောချင်တဲ့ အကြောင်းအရာက ဒါမဟုတ်မှန်း တို့ရိပ်မိပါတယ် ပြောပါ မြိုင့်ကိုဘာပြောချင်တာလဲ"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...