"မမမိုး ဧကရီတီချယ်နဲ့အတူစင်နောက်ကိုလိုက်သွားဦးမယ်နော်"
"ဂရုစိုက်နော်ဧကရီ တီချယ့်ကိုလဲလိုက်ရှုပ်မနေနဲ့ကြားလား"
"ဟုတ်ကဲ့ပါမမမိုးကလဲ"
"အန်တီ"
......................."အန်တီလို့ အန်တီမောင်ခေါ်နေတယ်လေဗျာ"
"ပြော"
"ဒီကအပြင်အဆင်တွေကအန်တီတို့လက်ရာလား လှတယ်နော်"
"မင်းပြောဖို့မလိုပါဘူး တို့သိတယ်"
"အန်တီဟာလေ"
"ဘာလဲ"
"ချစ်ဖို့ကောင်းတယ် ချစ်စရာလေး"
"ငါမင်းထက်အသက်အများကြီးကြီးတယ်မိုးအတ္တမောင်"
"အန်တီ..အန်တီလို့ အန်တီ့ ချစ်တယ်သိလား"
"အွန်း"
"ဒါပဲလားအန်တီကလဲ"
"အင်း"
"အန်တီ့ အင်းအွန်း အင်းအွန်းနဲ့ ဘာလို့ဖားသံတွေထွက်နေတာလဲ ဘာလဲဖားသားစားချင်လို့လား မောင်ဖားရိုက်ပေးရမလား"
မောင်နှင့်မြိုင်တို့စကားဝိုင်းကို စင်အကွယ်မှဖူးပွင့်ဟာ တိတ်တဆိတ်အကဲခတ်နေမိသည်
သူဒီထက်ပိုပြီးမမမြိုင်ကိုစကားတွေမစခင် ငါကြားဝင်မှဖြစ်မယ်
"မမမြိုင်"
"ဪ ဖူးပွင့်လာလေ တို့ခုနကဖူးပွင့်ကိုရှာသေးတယ်မေတွ့လို့လေ ဘယ်ပျောက်သွားတာလဲ"
"Toilet ခနဝင်နေလို့ပါမမ"
"ဪ ဟုတ်ပါပြီရော့ ဒီကိတ်မုန့်လေးကကိတ်သားကောင်းတယ်စားကြည့်ဖူးပွင့်"
"ဟုတ်ကဲ့မမ"
ဖူးပွင့်နှင့်အရွှန်းဖောက်နေသည့်မြိုင့်အား မောင်ကြည့်မရတော့ပါ အာကာတို့ပြောတဲ့ကောင်မလေးကသူလား မောင့်ခေါင်းထဲအတွေးများဟာ အစိုးမရပါ
"အန်တီ"
"ပြော အတ္တမောင်"
"ချစ်တယ်"
"မင်းဒါဘဲပြောနေမှာလားအတ္တမောင် ငါကြားရတာနားကြားမြင်းကပ်လာပြီနော်"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...