Ep_33

336 17 2
                                    

"ဟုတ်ကဲ့ပါ"

"ဒါနဲ့မင်းကကံကောင်းတယ်လို့ပြောရမလား တစ်ရာမှတစ်ယောက်"

"ဗျာ"

"မြိုင့်ရဲ့ရီးစားဦးကမင်းလေ အချစ်ဦးလဲမင်းဖြစ်ဖို့ရာနှုန်းများတယ်"

"ဟာဗျာ ဒေါက်တာကလဲမြှောက်နေပါပြီ"

"ကိုယ်ကစတာပါကွာ ကဲကဲကိုယ်သွားပြီ"

"ဟုတ်ကဲ့ဒေါက်တာ"

"မြိုင်ငါသွား‌ပြီနော်"

"အင်း နောက်မှအေးဆေးတွေ့ကြတာပေါ့"

"မောင့်စိတ်ဆိုးနေသေးလား"

"ဘာကိုလဲအန်တီ"

"အမယ် ခုကျသူမဟုတ်တဲ့အတိုင်း ခုနကတောက်ခ်ခေါက်လိုက်တာလေ ခုကောဘယ်လိုလဲ"

"အန်တီကခုလိုမျိုး ပွဲထုတ်လို့ မောင့်ရဲ့တိုနေတဲ့စိတ်တွေက ပျောက်သွားပြီး နောက်ပြီးစိတ်ဆိုးတာလဲမရှိတော့ဘူး"

"အဟင်း မောင့်ကိုရွေးချယ်ခဲ့တာ မြိုင်မမှားဘူးမလားမဟင်"

"ဒါပေါ့ အန်တီမမှားဘူး လာ မောင်တို့အထဲသွားရအောင်လေ"

"နှောင်စအဆင်ပြေရဲ့လား ခြေထောက်ကော"

"အဆင်ပြေပါတယ်‌မြိုင်ရယ် ဒီမှာဆရာမတို့ကဆေးထည့်နေလို့ရယ်"

"အန်တီ မောင်တီချယ့်အတွက် လိုအပ်တဲ့ဆေးတွေ သွားဝယ်လိုက်အုံးမယ်နော်"

"အင်း သွားလေမောင် မြိုင်တို့ဒီကစောင့်နေမယ် ပြီးရင်ပြန်ကြတာပေါ့"

"နှောင်း ‌တစ်ပတ်လောက်တော့ နားလိုက်ပါ နှောင်းကျောင်းကို စိတ်မချဘူးဆိုလဲ လက်ထောက်နဲ့ လွှဲထားပေါ့"

"မြိုင်ကလဲကွာ"

"နှောင်း"

"အင်းပါ အင်းပါ နားလိုက်မယ်ဟုတ်ပြီလား"

"ပြီးရော ဧကရီတီချယ့်ကြောင့်နဲ့ နေ့တပိုင်းကျောင်းနားလိုက်ရပြီ"

"ဟဲဟဲ မဟုတ်တာပဲတီချယ်ကလဲ ဧကရီတီချယ်တို့ဆီ လိုက်လည်မယ်နော်"

"သဘောပါရှင် ရှင်လေးကကျောင်းလစ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်မလား"

နှင်းဆီစေလျှင်Where stories live. Discover now