တီ...တီ
"ဟော ကားဟွန်းသံကြားတယ် ကြီးစောရေ အဆင်သင့်ဖြစ်ပြီလား"
"အားလုံးအဆင်သင့်ပါပဲအစ်ကိုလေး"
"ဟုတ်ပြီ ဒါဆိုကျွန်တော်မီးဖိုခန်းထဲက စောင့်နေမယ်နော်"
"ဟုတ်ပြီ ဟုတ်ပြီ ကြီးစောတံခါးသွားဖွင့်အုံးမယ်"
သူရိန်သည် နေ့လည်2နာရီကတည်းက ပြန်ရောက်နေလေပြီ မြိုင်နှင့်နှောင်းအား Surpriseလုပ်ချင်၍သာ မပြောထားခြင်းဖြစ်သည်..။
"သမီးတို့ ဒီနေ့ပြန်လာတာ နောက်ကျတယ်နော်"
"ဟုတ်တယ်ကြီးစောရေ နှောင်းလဲမြိုင့်ကိုစောင့်လိုက်ရသေးတယ် ကားကြပ်နေလို့တဲ့"
"ကဲ လာလာ သမီးတို့ပြန်လာတာနောက်ကျနေလို့ ကြီးစောညစာပြင်ပြီးသွားပြီ အရင်စားလိုက်ကြ"
"ဟုတ်ကဲ့ကြီးစော"
မြိုင်တို့မီးဖိုချောင်ထဲရောက်သည်နှင့်..
" Surprise!!!"
"ဟာမောင်"
နှောင်းသည်သူရိန့်အားသိုင်းဖက်ကာ စကားဆိုလေသည်..။
"အံ့ဩသွားလားနှောင်း"
"မောင်မကောင်းဘူးကွာ နှောင်းတို့ကလွမ်းနေရတာကို"
"ခုပြန်လာပြီလေမောင့်အချစ်ရယ်"
သူရိန်သည် နှောင်းနဖူးပေါ်သို့ ခပ်ဖွဖွ အနမ်းခြွေလေသည်..။
"အစ်ကို ဘယ်တုန်းကပြန်ရောက်တာလဲ မပြောဘူး မြိုင်လာကြိုမှာပေါ့"
"နေ့လည်လောက်ကပဲမြိုင်ရဲ့ ကဲဒါတွေထားပါ ထမင်းစားကြရအောင်"
"နှောင်းရေချိုးအုံးမယ်လေမောင်ရဲ့"
"မောင့်လက်ရာလေးကိုတော့ အရင်စားသွားပါနှောင်းရယ်"
"ဝိုးးး ဒါတွေအကုန်မောင့်လက်ရာလား"
"ဟုတ်တယ်သမီးရေ အကုန်လုံးကိုအစ်ကိုလေးက သူကိုယ်တိုင်ချက်ထားတာ"
"ဒါဆိုစားမယ်လေ နှောင်းလဲဗိုက်ဆာနေတာ"
"အဟွန်းး နှောင်းတို့များချက်ချင်းနော်"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...