Ep_18

402 21 0
                                    

"ကဲပြောမင်းဘယ်လောက်လိုချင်တာလဲ"

"ဒီမှာ ခင်ဗျားငွေစကားလာမပြောနဲ့"

"ငါကငွေစကားပြောတယ်ပေါ့ မင်းတို့လိုလူတွေကိုအတ္တမောင်ဆိုတဲ့ငါကနောကြေနေပြီ ငါတို့ကားရှေ့ဖြတ်ပြေးမယ် ပြီးရင်လျှော်ကြေးတောင်းမယ် ဒါပဲမလား"

"အေး ငါရှာထားတဲ့ငွေတွေနဲ့လဲ အတ္တမောင်ဆိုတဲ့မင်းကို ဖိသတ်လို့ရတယ်"

"ချာတိတ်မသိပ်မစွာနဲ့"

"အာရုံပဲ ကိုယ့်လမ်းကိုယ်သာသွားစမ်းပါ"

"မင်း လစ်လစ် လစ်စမ်းကွာငါရှေ့က"
  ...................................

မောင်ကားထဲပြန်ဝင်၍မြို့ပြင်သို့ ဆက်လက်ဦးတည်ထွက်လာခဲ့သည် လယ်ကွက်နားသို့အရောက်ကားကိုရပ်ကာ မောင်ကားထဲကထွက်လာခဲ့သည်

"လယ်ကန်သင်းရိုးလေး ငါရောက်လာပြီ ပင်ပန်းတယ်ကွာ ငါဘာဆက်လုပ်ရမလဲ စိတ်တွေရှုပ်နေချိန်မင်းကိုမြင်လိုက်ရင် ရင်ထဲရှင်းသွားတယ်" မောင်တစ်ယောက် လယ်ကွက်လေးနားထိုင်၍ တစ်ယောက်တည်းတိးတိုးပြောနေမိသည်

"ဟူးးး"

"ဟလိုဒယ်ဒီ မောင်ပြောနေပါတယ်"

"ဘယ်မှာလဲမောင် မိုးချုပ်နေပြီ ဒေါ်ကြူပြောတယ် မောင်ညနေကတည်းကထွက်သွားတယ်ဆို"

"ဟုတ်တယ်ဒယ်ဒီ မောင်ဒီညအိမ်ပြန်မလာတော့ဘူးနော် ကွန်ဒိုမှာပဲအိပ်တော့မယ် မောင်အဆင်မပြေလို့"

"သဘောပါမောင် အများကြီးကိုယ့်ကိုကိုယ်မညှဉ်းပန်းပါနဲ့"

"ဟုတ်ကဲ့ဒယ်ဒီ ဒါဆိုဒါပဲနော်မောင်ဖုန်းချတော့မယ်"

"ဒေါ်သစ္စာမြိုင် ဒေါ်သစ္စာမြိုင်ရေ ရူးပြီ ရူးပြီ အတ္တမောင်ဆိုတဲ့ကျွန်တော်က ခင်ဗျားရဲ့ညို့ချက်ပြင်းတဲ့မျက်ဝန်းနက်နက်တွေအောက် ရုန်းလို့မလွတ်အောင်ကိုနစ်နေမိပြီဗျာ့"

‌ဒေါက်...ဒေါက်

"မြိုင်ဝင်လာမယ်နော်အစ်ကို"

"လာပါဗျာ"

"မနက်ဖြန်ဘာနေ့လဲသိတယ်မလား အတူသွားမယ်နော် အစ်ကိုမေ့မှာဆိုးလို့"

နှင်းဆီစေလျှင်Where stories live. Discover now