Ep_35

471 21 0
                                    

"ဟေ့ကောင်တွေ ငါလာပြီကွ"

"ဟ ပေါ်တော်မူလာပါအုံးကွ မင်းကနယ်ကပြန်ရောက်ကတည်းက ပျောက်ချက်သားကောင်းနေတာ"

"အဲ့လိုမဟုတ်ပါဘူးကွာ ဇွဲမာန်နဲ့အာကာကော ထက်ယံ အဲ့ကောင်တွေဘယ်ရောက်နေတာလဲ"

"မင်းမေလင်နှစ်ကောင်က ညကအသောက်လွန်ပြီးမှောက်နေတာဟေ့ အပေါ်ထပ်မှာရှုပ်ပွနေတာပဲ နှစ်ကောင်သားသောင်းကျန်းထားတာ"

"ဟ ညကဒီကောင်တွေဒီမှာအိပ်ကြတာလား"

"အင်း အိမ်ပေါ်ကကန်ချခံထားရတာလေ"

"ခွီးး လာသွားနိုးမယ်"

"နိုးမနေနဲ့မထဘူး ငါနိုးပြီးပြီ"

"လာပါကွ"

ထို့နောက်မောင်သည် ထက်ယံ၏လက်ကိုဆွဲကာ မီးဖိုချောင်သို့..

"ရော့ ဒီရေပုံးသယ်လာ"

"ဟ မင်းဘာမင်းသယ်ပါလား စောစောစီးစီး ငါ့ခိုင်းမယ်ဆိုတာကြီး"

"စကားများတယ် သယ်ပြီးလိုက်ခဲ့"

ပြောချင်ရာပြောပြီး ရှေ့မှထွက်သွားသော မောင့်ကိုကြည့်ကာ ထက်ယံတစ်ယောက်ခေါင်းသာခါမိသည်..ထို့နောက်မောင်ချထားခဲ့သော ရေပုံးအားသယ်ကာ အပေါ်ထပ်သို့မောင်နှင့်အတူတက်ခဲ့လေသည်...။

"ဟေ့ကောင်တွေ အာကာ ဇွဲမာန် ဟိုနှစ်ကောင်ထတော့ဟ"

မောင့်အသံကြားသည်နှင့် 'အင်း'ဟုဆိုကာ ခေါင်းအုံးကိုမျက်နှာအပ်ကာ ပြန်အိပ်ကြလေသည်

"ဟ တစ်ကယ်မထဘူးလား ငါရေနဲ့ပက်နိုး‌မှာနော်"

တစ်ဖက်တစ်ချက်ဆီသို့ မျက်နှာမူကာဆက်အိပ်နေသော လူနှစ်ယောက်...။

"ဗွမ်းးး"

မောင်သည် ဇွဲမာန်နှင့်ထက်ယံအား ပက်လက်အနေအထားဖြင့် နေစေကာအသင့်ယူလာသော ရေပုံးဖြင့်လောင်းချလိုက်လေသည်...။

အိပ်မှုံစုံဝါးဖြစ်နေသော ‌ဇွဲမာန်နှင့်အာကာ နှစ်ဦးလုံးမောင့်ရှေ့၌ ငုတ်တုတ်ထိုင်နေလေသည်..ထို့နောက်

"အတ္တမောင် အိပ်နေတာမင်းမမြင်ဘူးလား သူများအိပ်ပျော်နေတာနှောင့်ယှက်မှ ကျေနပ်‌တာလားခွေးသား"

နှင်းဆီစေလျှင်Where stories live. Discover now