Ep_2

785 23 0
                                    

တီ~~တီ နှောင်းရေကားသံကြားတယ် အစ်ကိုရောက်ပြီထင်တယ်

လာပြီမြိုင်ရေလာပြီ ခနစောင့်နော်သူရိန် နှောင်းလက်စသတ်ပြီးထွက်လာခဲ့မယ် ဟုတ်ကဲ့ပါနှောင်း နှောင်းဟာကချင်ချည်ထည်အနီနဲ့ ဆိုသိပ်ကိုလိုက်ဖက်လွန်းလှသည် ရှည်လျားလှတဲ့ဆံနွယ်တွေကို ဖြန့်ကျက်ထားရတာ သဘောကျတတ်တဲ့ မိန်းခလေးတစ်ဦးပီပီ ခုလဲဆံနွယ်ရှည်ကိုဖြန့်ကျက်ထားလေသည် ကြက်သွေးရောင်နှုတ်ခမ်းနီဟာ နှောင်းနဲ့ပနံသင့်လှသည်...။

အစ်ကို..အစ်ကို့ ဖြေးဖြေးလည်းကြည့်ပါ နှောင်းကပြေးမသွားဘူး ‌မြိုင့်စကားကြောင့် သူရိန်ရှက်သွေးဖြာရလေသည် လှေကားဝမှာရပ်နေတဲ့နှောင်းဟာလဲ မခို့တရို့ပြုံးလေသည် ကဲကဲ ဒီအတိုင်းပဲရပ်နေကြမှာလား သွားမယ်လေ အပြန်ကျဟော့ပေါ့ဆိုင်ဝင်ရအောင်မြိုင်ကတော့အစားတစ်လိုင်းပဲနှောင်းရေ ဟုတ်ပါ့ရှင်ဟုတ်ပါ့ ‌ကားထဲတွင်တိတ်ဆိတ်နေကြလေသည် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူအား သူရိန်ဖြစ်လေသည်

နှောင်းကျောင်းမှာအဆင်ပြေရဲ့လား ပြေပါတယ်သူရိန် ခုနှစ်တွေအတွင်း ကျောင်းပြောင်းလာတာတွေလဲများတယ် သူ့ဟာနဲ့သူတော့ပုံမှန်လည်ပတ်နေတာပါပဲရှင် ဒါနဲ့သူရိန်ကော အမှုလိုက်နေတယ်ကြားတယ် အခြေနေကောင်းရဲ့လား ဒီလိုပါပဲနှောင်းရယ် လူတွေကသမာဇီဝကျတဲ့နည်းထက် ဖြတ်လမ်းကိုပဲပိုလိုက်ကြတော့ ခုလိုမဖြစ်သင့်တာတွေဖြစ်တာပေါ့ သူတို့စကားဝိုင်းကြားတိတ်ဆိတ်နေသူမှာမြိုင် မြိုင်လေးငြိမ်လှချည်လားဗျာ့ ပန်းဆိုင်ကအဆင်မပြေဘူးလား မဟုတ်ပါဘူးအစ်ကိုရယ် မြိုင်စဉ်းစားနေတာ နှောင်းနဲ့အစ်ကိုသာ လက်ထက်ဖြစ်ရင်မြိုင်က အပိုလူကြီးဖြစ်သွားမှာလားလို့ ‌ဗုဒ္ဓေါ အလိုလေး ဤသည်မှာသူရိန်ရောနှောင်းပါအတူအော်မိသည်ဖြစ်သည်။

ဘယ်လိုတောင်တွေးမိတာတုန်းမြိုင် ဟုတ်‌တယ်လေနှောင်းရယ် ခုတောင်နှောင်းနဲ့အစ်ကိုပဲအရွှန်းဖောက်နေကြတာ မြိုင့်ကိုကျရှိတယ်လို့တောင်မထင်ကြဘူးဟွန့် မြိုင်လေးကလဲအစ်ကိုတို့ပြောတဲ့ထဲမြိုင်လေးဝင်ပြောလဲရတယ်လေ ကိုယ်တိုင်ကျဝင်မပြောဘဲ အစ်ကိုတို့ကိုအပြစ်တင်တာတော့သဘာဝမကျဘူးလေနော့်နှောင်းရယ် သူရိန်ပြောတာအမှန်ပဲ


လာပြီမြိုင်ရေလာပြီ ခနစောင့်နော်သူရရိန် နှောင်းလက်စသတ်ပြီးထွက်လာခဲ့မယ် ဟုတ်ကဲ့ပါနှောင်း နှောင်းဟာကချင်ချည်ထည်အနီနဲ့ ဆိုသိပ်ကိုလိုက်ဖက်လွန်းလှသည် ရှည်လျားလှတဲ့ဆံနွယ်တွေကို ဖြန့်ကျက်ထားရတာ သဘောကျတတ်တဲ့ မိန်းခလေးတစ်ဦးပီပီ ခုလဲဆံနွယ်ရှည်ကိုဖြန့်ကျက်ထားလေသည် ကြက်သွေးရောင်နှုတ်ခမ်းနီဟာ နှောင်းနဲ့ပနံသင့်လှသည်...။




နှင်းဆီစေလျှင်Where stories live. Discover now