Ep_45

320 16 1
                                    

"မင်းတော်တယ် ငါ10မိနစ်အတွင်း အဲ့ဒီကိုရောက်မယ် အကုန်လုံးအသင့်ပြင်ထား"

သူရိန်သည် ရှေ့နေတစ်ဦးပီပီ ပြတ်သားသည် မျက်နှာနှစ်ဖက်ဖြင့် ခန့်မှန်းရခက်လေသည်..ဖြောင့်မတ်သည့် ရှေ့နေအဖြင့်လူသိများသောသူရိန်သည် ရက်စက်တတ်သည့်နေရာတွင်လည်း နှစ်ယောက်မရှိပေ..။

"ခွပ်...ခွပ်...ခွပ်"

သူရိန်သည် နှောင်းကိုတိုက်သွားသော ကားသမားအားတွေ့သည်နှင့် မျက်နှာကိုသာ သုံးဆင့်တက်တိုက်လက်သီးဖြင့်ထိုးလေသည်...။

"မင်းလား ဟမ် မင်းလားကွ နှောင်းကိုအဲ့လိုလုပ်ဖို့ ဘယ်သူခိုင်းတာလဲပြော"

"..."

"ငါမေးနေတယ်လေ ဘယ်သူခိုင်းတာလဲလို့"

တစ်ဖက်မှ ဘာမှပြန်မဖြေသောကြောင့် သူရိန်စိတ်မရှည်တော့ပေ..။

"ဂုဏ်ရှိန် သူ့ဆီကလက်သည် တရားခံနာမည်မထွက်လာမချင်း ကျာပွတ်ကိုရေစိမ်ပြီးရိုက်စမ်း..!"

"ဟုတ်ကဲ့"

ဂုဏ်ရှိန်သည် သူရိန့်၏ညာလက်ရုံးပင် သူရိန်အယုံကြည်ရဆုံးသူဆိုလဲ မမှားပေ..။

"အာ့..အား..."

"မင်းမဖြေသေးဘူးလားဟမ် မင်းဘယ်လိုကောင်လဲ"

1နာရီနီးပါးမျှ ရိုက်နေသည့်အတွက်ကြောင့် ဂုဏ်ရှိန်၏လက်လဲနာလာလေသည် ဒါကိုမြင်သောသူရိန်သည်..

"တော်တော့ ဂုဏ်ရှိန်"

သူရိန်သည် ထိုင်ရာမှထလာကာ မီးပူပေးသောသံပြားအားယူ၍

"မင်းခုထိမဖြေသေးဘူးလားဟမ် မင်းဒီလောက်အသားနာခံ ကာကွယ်ပေးနေတဲ့မင်းသခင်က ဘာတွေကောင်းနေလို့လဲ မင်းအခုငါ့ကိုဖြေရင် မင်းကိုအသက်ချမ်းသာပေးမယ်"

မထုံတတ်သေးမျက်နှာပေးကြောင့် သူရိန်သည် လက်ထဲတွင်ရှိသော အပူပေးထားသည့်သံပြားဖြင့် ရက်ဘက်ပေါ်သို့ကပ်ချလိုက်လေသည်..။

"အားးး..သတ်ရင်သတ်လိုက် ငါ့ကိုလာနှိပ်စက်မနေကြနဲ့ ခွေးလိုကောင်တွေ ထွီ!!"

"ခွပ်"

ဂုဏ်ရှိန်မှ လက်သီးဖြင့်ထိုးလိုက်ခြင်းပင်

နှင်းဆီစေလျှင်Where stories live. Discover now