Ep_54

273 27 1
                                    

မျက်နှာပေါ်သို့ကျရောက်လာသော နေခြည်နုနုကြောင့် မြိုင်တစ်ယောက် အိပ်ရာထဲတွင် လူးလှိမ့်နေမိသည်..။

"ဆရာတို့ကို အခုလိုမြင်ရတာ တကယ်ဝမ်းသာမိတယ်"

"ဒါပေါ့ကွာ"

"အစ်ကိုသူရိန် အများကြီးပြောင်းလဲသွားတာပဲ ဆံပင်တွေမှုတ်ဆိတ်တွေ အဲ့ဒါကြောင့်လူတွေကပြောကြတာနေမယ် အချစ်အစွမ်းအံ့မခန်းလို့လေ ဟားဟား"

"ဖူးပွင့်တို့ကတော့လုပ်ပြီ အချစ်အစွမ်းအံ့မခန်းမဟုတ်ဘူးဟ နှောင်းအစွမ်းအံ့မခန်းလို့ပြောရမှာ"

အောက်ထပ်မှ သူရိန့်အသံကြောင့် မြိုင်သည်မျက်နှာပေါ်မှ ခေါင်းအုံးအားဖယ်ကာ ကိုယ်လက်မျက်နှာဆေးကြော၍ အောက်ထပ်သို့ပြေးဆင်းလာလေသည်..။

"ဟာ..အစ်ကို"

"ဟော မြိုင်လေးနိုးပြီလား အစ်ကို့ညီမက"

"အစ်ကိုရာ ဘယ်အချိန်ကပြန်ရောက်တာလဲ မြိုင့်ကိုမနိုးဘူး"

"အစ်ကိုတို့မနက်4နာရီလောက်ကမှ ပြန်ရောက်တာ ဒီရောက်တော့နှောင်းကလဲ အိပ်မောကျနေပြီ မြိုင်ကလဲအိပ်မောကျနေတာဆိုတော့ ပစ္စည်းတွေချပြီး အနားယူလိုက်ကြတာပါ"

"ဒါနဲ့နှောင်းကောအစ်ကို"

"နှောင်းအိပ်နေတုန်းပဲမြိုင် အစ်ကို့ညီမလေးက မင်္ဂလာပွဲအတွက်လဲ စီစဉ်ပေးထားတယ်ဆို"

"ဒါပေါ့ မြိုင့်မှာပြေးကြည့်စရာ ဒီအစ်ကိုပဲရှိတာကို စီစဉ်ပေးရမှာပေါ့"

"ပင်ပန်းသွားပြီဗျာ ဒါဆိုအစ်ကိုက ‌မြိုင့်ဆန္ဒတစ်ခုကို လိုက်လျောပေးမယ် မြိုင်ဘာဖြစ်ချင်လဲ ဘာလိုချင်လဲ"

"မြိုင်...မြိုင်ဖြစ်ချင်တာက"

"ပြောလေမြိုင်"

"အစ်ကို့ကို တသက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေစေချင်တယ် အစ်ကိုမပျော်ရင် မြိုင်လဲမပျော်ဘူး စိတ်မချမ်းသာဘူး"

"ဒါပဲလားမြိုင်"

"အင်း နောက်ပြီးနှောင်းကိုလဲ ဂရုစိုက်ပေးပါ မြိုင်နဲ့နှောင်းက ညီအမလိုလဲဟုတ်တယ် အခင်ဆုံးဆိုလဲဟုတ်တယ် အစ်ကို့ကြောင့်နှောင်း စိတ်ဆင်းရဲရင် အစ်ကို့ကိုအလွတ်မပေးဘူး"

နှင်းဆီစေလျှင်Where stories live. Discover now