"ကဲ ကြားတယ်မလားသမီး သမီးရဲ့မမကခနနေပြန်ရောက်လိမ့်မယ် အပေါ်မှာရေမိုးချိုးပြင်ဆင်ပြီးစောင့်နေလိုက် ဒယ်ဒီအလုပ်သွားတော့မယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ဒယ်ဒီ"
"အော်ဒါနဲ့ အန်တီကြူ မမအတွက်မနက်စာပြင်ပေးထားလိုက်နော်အဆင်သင့်စားရအောင်"
"ဟုတ်ကဲ့ပါမမလေး"
ဧကရီဟာလိုချင်တာရသွားသည့် ခလေးပမာပျော်ရွှင်စွာခုန်ပေါက်၍ သီချင်းလေးညဉ်းကာ အပေါ်ထပ်သို့တက်သွားလေသည်
တီ...တီ...တီ
"ဟော် မမလေးပြန်လာပြီလား"
"ဟုတ်တယ် ဒေါ်ကြူ ဧကရီလေးကော"
"သမီးငယ်ေလးက အပေါ်မှာရေမိုးချိုးပြင်ဆင်နေတယ်"
"အော်ဟုတ်ပြီ"
"မမလေး မနက်စာတစ်ခါထဲစားမလား ဒေါ်ကြူပြင်ပြီးသွားပြီ"
"မောင်အရင်ရေမိုးချိုးပြီးကိုယ်လက်သန့်စင်အုံးမယ် ပြီးမှဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့ပါမမလေး"
မောင်သည်အခန်းသို့ဝင်၍ ရေမချိုးခင် အန်တီဆိုသောcontactလေးအား နှိပ်လိုက်လေသည် ထို့နောက်.....
"ဟယ်လို သစ္စာမြိုင်ပြောနေပါတယ်"
"ဟယ်လိုအန်တီ မောင်ပါ"
"မင်း မိုးအတ္တမောင်"
"အန်တီ ကျွန်တော့်နံပါတ်ကိုအခုထိမမှတ်ထားသေးဘူးပဲ"
"ဘာကွ"
"မဟုတ်လို့လား အန်တီသာမှတ်ထားရင် ဒီဖုန်းကိုကိုင်ပါ့မလား အန်တီကတစ်ကယ်အသည်းမာတယ်"
"အင်းဆိုပါတော့ တို့ဆီဖုန်းဆက်တဲ့ကိစ္စက"
"Morningပါအန်တီ အဲ့ဒါလေးပြောချင်လို့ပါ"
"မင်းအခုလာနောက်နေတာလား မိုးအတ္တမောင် ငါမအားဘူး ငါမင်းလိုအားနေတာမဟုတ်ဘူး အလုပ်လုပ်နေတာ မင်းကအခု အဲ့စကားလေးတစ်ခွန်းအတွက်နဲ့ ငါ့ကိုအာရုံလာနောက်နေတာလား မိုးအတ္တမောင်"
"အဲ့သဘောမဟုတ်ပါဘူး အန်တီအလုပ်ရှုပ်နေမှန်းမောင်မသိလို့ပါ ဒါဆိုအန်တီအလုပ်ဆက်လုပ်နော် မောင်ဖုန်းချပေးပါ့မယ်"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...