မောနင်းမြိုင်လေး နိုးလာပြီလား မောနင်းအစ်ကို ဒါနဲ့မြိုင် အစ်ကိုဒီညနောက်ကျမယ်နော် ညစာစားပွဲရှိလို့ မြိုင်စားနှင့်လေ အစ်ကိုကလဲဒီမောင်နှမနှစ်ယောက်လေးရှိတာကို စိတ်မဆိုးပါနဲ့မြိုင်ရယ် နောက်နေ့ကျအစ်ကိုရယ်မြိုင်ရယ်နှောင်းရယ် သုံးယောက်အတူရုပ်ရှင်သွားကြည့်ကြမယ် ကတိနော်အစ်ကို ကတိပါဗျာ့
ကဲဒါဆိုအစ်ကိုသွားပြီနော်မြိုင်လေး ဒီနေ့10နာရီကျ ရုံးချိန်းရှိလို့ပြင်ဆင်စရာတွေများတယ် ဆိုင်သွားရင်ကားကိုဂရုစိုက်မောင်းသွားနော်မြိုင် ဟုတ်ကဲ့အစ်ကို
မြိုင်တို့မောင်နှမနှစ်ဦးဟာ အေးချမ်းလွန်းလှတယ် မြိုင်သည်သစ္စာကြီးသလို အချစ်လဲကြီးသည် ရှုပ်ပွေသည်ကိုအလွန်မုန်းသည် ပင်ကိုယ်နှလုံးရောဂါအခံရှိသူမို့ အစစအရာရာ သတိထားဆင်ခြင်ရသည်
ကျန်းမာရေးခြူခြာသူမြိုင်ဟာ အသက်၃၀ကျော်သည်အထိ ချစ်သူရီးစားမထားခဲ့ဖူးပါ အကြောင်းမှာ သူ့ရောဂါကြောင့်တစ်ဖက်လူ စိတ်အနှောင့်ယှက်ဖြစ်၍ပင်ပန်းမှာကို စိုးသည်လို့သာဆိုတတ်လေသည်။ အမှန်လဲဟုတ်ပါသည်လေ မြိုင်ဟာအမောမခံနိုင်သူ အပင်ပန်းမခံနိုင်သူ ဆေးမှမရှိရင်အသက်မရှင်နိုင်သူ
မြိုင်သည်ပန်းတွေကိုနှစ်သက်သည် ဒါကြောင့်မြိုင်အသက်၂၀ပြည့်တဲ့နှစ်တွင် သစ္စာနွယ်ပန်းဆိုင်ကိုဖွင့်ဖြစ်ခဲ့လေသည်။ မြိုင်သည်နှင်းဆီတွေကိုအလွန်ပင်နှစ်သက် သဘောကျလေသည် နေ့ထူးနေ့မြတ်တွေမှာ ဆိုင်ကိုလာတဲ့ဧည့်သည်တိုင်း မြိုင်ဟာနှင်းဆီနီတစ်ပွင့် လက်ဆောင်ပေးတတ်လေသည်။
မြိုင်သည် တနင်္ဂနွေနေ့ရောက်တိုင်း ဆိုင်ရှေ့မှာတန်းဆွမ်းလောင်းတတ်လေသည်။
ထိုတနင်္ဂနွေနေ့တွင်တော့ မြိုင်နဲ့မောင် ဆုံရကိန်းဖန်လာလေသည် မောင်သည် ချစ်သူကောင်မလေးအတွက် ပန်းစည်းဝယ်ရန် သစ္စာနွယ်ပန်းဆိုင်သို့ရောက်လာလေသည်။
မြိုင်သည်တန်းဆွမ်းအတွက် အာရုံများနေသည်နှင့် မောင့်ကိုသတိမပြုမိပေ မောင်သည် မြင်မြင်ချင်းစွဲလမ်းခဲ့ရသူပမာ မြိုင့်မျက်နှာအချိုးအစားကို အတိအလင်းမှတ်မိနေပေသည်
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...