Ep_50

400 26 1
                                    

"အေး မင်းသ‌ဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မင်းငါ့ကိုလက်ထက်ရမယ် ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မင်းငါ့အနားမှာပဲရှိရမယ်ဆိုတာမှတ်ထား"

သူရိန်သည်အခန်းထဲဝင်သွားကာ ပိုက်ဆံအချို့နှင့် အဝတ်အစားအချို့ယူကာ ပြန်ထွက်လာလေသည်..ထို့နောက် ဧည့်ခန်းထဲရှိ နှောင်း၏လက်အားဆွဲကာ...

"ဆရာတို့ဘယ်သွားကြမလို့လဲ"

"မင်္ဂလာကိစ္စ မင်းစီစဉ်ထားလိုက်ဂုဏ်ရှိန်"

..........At the 5:00 Pm..........

"မှိုင်း ငါပြန်တော့မယ် မနက်ကျမှတခေါက်လာခဲ့မယ်"

"အင်းအင်း ငါလိုက်မပို့တော့ဘူးနော်"

"ရပါတယ် နင့်ဘာသာပဲနားပါ ငါအောက်မှာဟင်းချက်ပေးထားခဲ့တယ် ထစားရုံပဲ ပြန်ပြီနော်"

"တာ့တာဖူးပွင့်"

သျှားသည် မှိုင်းအတွက် ညစာချက်ပြုတ်ပြီးသည်နှင့် မှိုင်းအားနှုတ်ဆက်ကာ အိမ်သို့ပြန်လာလေသည်..။

"ဂုဏ်ရှိန် အစ်ကိုသူရိန်နဲ့မမနှောင်းကော"

"မင်းသိနေခဲ့တာလားဖူးပွင့်"

*ငါတော့သွားပြီ ပါးစပ်ကလဲဒါမျိုးဆို သွက်သလားပဲ* စိတ်ထဲတွင်
"ဟုတ်တယ် မမနှောင်းကအစ်ကိုသူရိန့်ကို မပတ်သက်ချင်လို့ မမနဲ့ငါ့ကို အကူညီတောင်းလို့ ငါတို့သူ့ကိုမှိုင်းအိမ်မှာဖွက်ခဲ့တာ"

"ဘာ!! ဆရာ့အဖြစ်ကို မင်းတို့အသိဆုံးမဟုတ်ဘူးလား ဒီလတွေအတွင်း ဆရာ့ပုံစံကိုလဲ အားလုံးမြင်ကြတာပဲ"

"ငါတို့သိတယ် ဒါပေမဲ့မမနှောင်းက ဆု‌ံးဖြတ်ချက်ခိုင်မာလွန်းတယ် သူပြန်မလာချင်ဘူးပြောတယ် ဒါတွေထားပါ သူအခုဘယ်မှာလဲ"

"မရှိတော့ဘူး"

"ဘာ ဘာကိုမရှိတော့တာလဲ"

"ဆရာက ဆရာကတော့်လက်ကိုဆွဲပြီး ထွက်သွားပြီ သူတို့အခုဘယ်မှာလဲ ဘယ်သွားလဲဆိုတာငါလဲသေချာမသိဘူး ပြောမသွားဘူး"

"ကျစ်..!! ငါတော့ကွိုင်ပဲဟေ့ မမသာသိရင်တော့ ငါ့ကိုစိတ်ဆိုးတော့မှာပဲ နောက်ပီးမမနှောင်းကလဲ အစ်ကိုသူရိန်နဲ့အဆင်မှပြေပါ့မလား"

နှင်းဆီစေလျှင်Where stories live. Discover now