Ep_17

285 17 0
                                    

"ဟုတ်တယ်အတ္တ ထက်ယံပြောတာမှန်တယ်"

"ဟေ့ကောင်တွေ မင်းတို့ဘာသိထားလဲပြော"

"ဒီလို‌ဟေ့ ငါတို့3ယောက်lunchလာစားတာ ငါတို့ဘေးဝိုင်းမှာမင်းရဲ့အန်တီမမနဲ့ ခပ်မိုက်မိုက်မိန်းခလေးတစ်ယောက် တစ်ဝိုင်းထဲအတူထိုင်ပြီးအရွှန်းဖောက်နေကြတာများကွာ မိုးမမြင်လေမမြင်"

"ဘာ!! သူတို့ပတ်သက်မှုကဘယ်လိုပုံစံလဲဆိုတာပြောစမ်းထက်ယံ"

"အေးဆေးနေပါအုံးကွာ ငါတို့မြင်တာကသေချာချင်မှသေချာမှာပါကွာ ငါတို့ကမင်းသတိထားရအောင်လှမ်းပြောတာ"

"ထက်ယံ သူတို့‌ဘာတွေပြောနေကြတာလဲ ငါသိချင်တယ် သူတို့ဘာပြောလဲဆိုတာမင်းတို့ကြားကြလား"

"ဟိုကောင်မလေးကိုကြည့်ရတာ မင်းအန်တီကိုကြွေနေပုံပဲ မမမြိုင် မမမြိုင်နဲ့ မင်းအန်တီတော့မသိဘူး ကြားနေရတဲ့ငါတို့တောင် နားကြားဖျင်းကပ်လာပြီ"

"ဟူးးး ဒေါ်သစ္စာမြိုင်သူ့အချစ်ကိုရဖို့ ငါဘာတွေများလုပ်ရမှာလဲကွာ ငါ့ကိုကျအန်တီလို့တောငိခေါ်ခွင့်မပြုတဲ့သူက တခြားလူကိုမမမြိုင်လို့ခေါ်ခွင့်ပြုတယ်တဲ့ ငါဘာလုပ်သင့်လဲကွာ ငါဘာလုပ်သင့်လဲ"

"စိတ်အေးအေးထားစမ်းပါအတ္တရာ သူတို့ကငါတို့ထင်သလို ဟုတ်ချင်မှဟုတ်မှာပါဟ"

‌"တော်ပြီဟေ့ကောင်တွေ ငါဖုန်းချတော့မယ်"

"ဟုတ်ပြီအတ္တ မင်းအများကြီးလဲstressမဖြစ်ပါနဲ့ တလှမ်းချင်းလှမ်းဟေ့ကောင်ရေ တလှမ်းချင်းလှမ်း"

တီ...တီ

"ဟိုကောင်ဖုန်းချသွားပြီ"

"အတ္တ အတ္တ ဒီကောင်ကောင်းကောင်းကြီးဝဋ်လည်နေတာ"

"မင်းတို့ကလဲကွာ အတ္တကိုအဲ့လိုတော့မပြောကြပါနဲ့ဟ သူ့ကြည့်ရတာသစ္စာမြိုင်ဆိုတဲ့အမျိုးသမီးကိုတော့အမှန်အကန်ဖြစ်နေတဲ့ပုံ"

"ကဲကဲ ထက်ယံနဲ့အာကာ ငါတို့လဲဂိမ်းဆိုင်လစ်ရအောင်"

"သွားမယ် ဒီပွဲငါနိုင်ရင်မင်းတို့တစ်ဝိုင်းနော်ပြင်ထားကြတော့"

နှင်းဆီစေလျှင်Where stories live. Discover now