Ep_10

483 25 0
                                    

"ကျွန်တော်ပေးတဲ့လက်ဆောင်လေးကို သဘောကျရဲ့လားမေးတာပါ အန်တီကလဲ"

"ခုစကားပြောနေတဲ့အဲ့ဒီဘက်ကဘယ်သူလဲရှင် မြိုင့်ကိုတစ်ဆိတ်လောက်ပြောပြလို့ရမလား"

"မောင်ပါ အန်တီ"

"မောင်"

"ဟုတ်ကဲ့"

"မိုးအတ္တမောင်"

"ဟုတ်ကဲ့ ပြောပါအန်တီ မောင်နားထောင်နေပါတယ်"

"အလို မင်းကိုဘယ်သူကအန်တီခေါ်ခွင့်ပြုလို့တုန်း"

"ခေါ်ခွင့်မပြုလဲခေါ်တယ်ဗျာ တစ်ကယ်လဲဒေါ်သစ္စာမြိုင်ကအန်တီအရွယ်ကိုး"

"အလိုလေး...."

"ဒါနဲ့ကျွန်တော်ပေးလိုက်တဲ့ခြုံထည်သဘောကျလားအန်တီ အန်တီ့အတွက်သီးသန့်ရက်လုပ်ခိုင်းထားတာ ကျွန်တော့်စေတနာမို့မငြင်းပဲလက်ခံပါနော်"

"ငါမလိုအပ်ဘူးမိုးအတ္တမောင်"

"အန်တီ့ ကျွန်တော်ကစေတနာနဲ့လေ"

"မင်းစေတနာကိုတို့မလိုအပ်ဘူးဆိုရင်အဲ့ဒီစေတနာတွေကတို့အတွက်အမှိုက်ဘဲမိုးအတ္တမောင် နောက်ဒါမျိုးတွေမလုပ်ပါနဲ့တို့မကြိုက်ဘူး"

"အန်တီ"

"တို့ကိုအန်တီလို့မခေါ်နဲ့မိုးအတ္တမောင် မင်းနဲ့တို့ကအဲ့လိုခေါ်ရလောက်တဲ့အထိ ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်ဘူး ပြီးတော့တစ်ခါတည်းပြောထားမယ် တို့အကြောင်းတွေတို့ဖုန်းနံပါတ်တွေစုံစမ်းတာမျိုးမလုပ်ပါနဲ့တို့မကြိုက်ဘူး"

"ပြောချင်တာကုန်ပြီလားအန်တီ"

"တို့ကိုအန်တီမခေါ်ဖို့ပြောထားတယ်မိုးအတ္တမောင် ဒါတို့အလုပ်ချိန် မင်းဖုန်းကိုလက်ခံစကားပြောပေးဖို့အထိတို့အတွက်မင်းကအရေးမပါဘူး နောက်တို့ဆီဖုန်းထပ်မဆက်ပါနဲ့"

"အန်တီ"

"......"

"ဟယ်လို ဟယ်လို ကျစ်ဖုန်းချသွားပြီ"

"ဘယ်လိုလဲအတ္တ မင်းအန်တီကသဘောကျတယ်တဲ့လား"

"သဘောမကျတဲ့အပြင်ငါ့ကိုပါကောသွားတာဟ သူ့ဆီဖုန်းထပ်မဆက်ပါနဲ့တဲ့ ငါ့ဖုန်းကိုလက်ခံစကားပြောပေးရတဲ့အထိငါကအရေးမပါဘူးတဲ့လေ"

နှင်းဆီစေလျှင်Where stories live. Discover now