Ep_34

534 18 2
                                    

.....At the 3:00 pm.....

"ဧကရီ ဧကရီရေ အငယ်လေး‌ထတော့လေ မမတို့ပြန်ရအောင်"

ခလူးးးခလော....

"ဧကရီရေ"

"ဧကရီ့ကို ထားခဲ့လိုက်ပါလားကွယ် ဒီညတီချယ်တို့အိမ်မှာပဲ သိပ်ပါရစေလား သူ့ကြည့်ရတာ အရမ်းလဲအိပ်မောနေတော့ နိုးမယ်မထင်ဘူး"

"ဒါက.."

"နှောင်းပြောတာမှန်တယ်မောင် ပြီးတော့ဒီမှာက မြိုင်တို့အားလုံးမိန်းမသားတွေပဲ စိတ်ချလို့ရပါတယ်မောင်ရဲ့"

"မောင်ကစိတ်ချပါတယ်အန်တီရယ် မောင်စိတ်မချတာညကျမှ အိမ်ပြန်မယ်ဂျီကျနေရင် အန်တီတို့တီချယ်တို့ အလုပ်ပိုမှာဆိုးတာပါ"

"ဘာမှမဖြစ်ပါဘူးမောင်ရဲ့ ပြန်တော့သွား"

"ဒါဆို မောင်ပြန်ပြီနော်အန်တီနဲ့တီချယ်"

နှောင်းနှင့်မြိုင်သည် အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းသာငြိမ့်ပြကြလေသည်...။

"နှောင်း ခြေထောက်ကရရဲ့လား ဧကရီ့ကိုအခန်းထဲသိပ်လိုက်ပါလား"

"ရပါတယ်မြိုင်ရယ် နောက်နာရီဝက်နေရင် ဧကရီ့ကိုနိုးတော့မှာပါ"

"ဒါဆိုလဲနှောင်းသဘောလေ
မြိုင်အပေါ်မှာအင်္ကျီလဲအုံးမယ်"

တီ...တီ

"ဟော ကားသံကြားတယ် မမြင့်ရေ သမီးတို့ပြန်ရောက်ပြီထင်တယ် အအေးလေးဖျော်ပီး လာချပေးထား"

"ဟုတ်ကဲ့"

"ဟာ ဒယ်ဒီ့ဘယ်တုန်းက ပြန်ရောက်တာလဲ"

"မင်းကိုပဲစောင့်နေတာ ဘယ့်နှယ် ပြန်ရောက်တဲ့နေ့ကတည်းက ခုထိကိုမျက်နှာမမြင်ရသေးဘူး ဘယ်သဝေထိုးနေတာလဲကွ ဟမ်"

"ဒါကတော့ ကြင်သူသက်ထားဇနီးလောင်းလေးဆီကိုပေါ့ ဒယ်ဒီရာ ဒယ်ဒီကမရှိတော့ဒါတွေကို ဘယ်လိုသိမှာလဲ"

"အော် အေးမင်းတို့ကတွဲနေကြပြီမို့လား ဒါနဲ့သမီးငယ်လေးကော ကားပေါ်မှာလား"

"မဟုတ်ဘူးဒယ်ဒီ အန်တီတို့အိမ်မှာ သူ့ဆရာမနဲ့နေမယ်ဆိုပြီး ကျန်ခဲ့တယ်"

"သမီးနှစ်ယောက်မွေးထားပါတယ် တစ်ယောက်ကလဲ ဆရာမမှဆရာမ နောက်တစ်ယောက်ကလဲ အန်တီမှအန်တီ ငါတော့မျိုးဆက်ပြတ်ပြီထင်ပါရဲ့ကွာ"

နှင်းဆီစေလျှင်Where stories live. Discover now