"နှောင်းဒီမှာစွတ်ပြုတ်ရပြီ သောက်လိုက်အုံးနော်"
"ကျေးဇူးပါသူရိန်"
"ဒီစကားကမောင်တို့ကြားမလိုပါဘူး နောက်ပြီးမောင်တို့ဒီတရက်လောက်နေပြီးရင် ပြန်ကြရအောင် မင်္ဂလာပွဲကနီးနေပြီ"
"အင်း ကျွန်မကအဆင်ပြေပါတယ် ရှင့်သဘောအတိုင်း..."
"နှောင်း မင်္ဂလာပွဲကိုသဘောမတူဘူးလား"
"မဟုတ်ပါဘူး"
"နှောင်းကိုကြည့်ရတာ အားသက်တရောမရှိဘူး"
"ကျမအဆင်မပြေလို့ပါ"
"ဘာကိုအဆင်မပြေတာလဲနှောင်း မောင့်ကိုပြောလေ မောင်ကနှောင်းအဆင်ပြေအောင်လုပ်ပေးမှာပေါ့"
"ရှင်ကနာမည်ဂုဏ်သတင်းနဲ့ ပြည့်စုံတဲ့ရှေ့နေတယောက်ပါသူရိန် ကျမလိုမျက်ကန်းဒုက္ခိတတယောက်နဲ့ လက်ထက်လိုက်ရင် လူတွေကရှင့်ကိုလက်ညိုးဝိုင်းထိုးကြမယ် ကဲ့ရဲ့ကြမယ် ရှင်ဒါတွေကိုမကြောက်ဘူးလား"
"မောင့်အမျိုးသမီးက အမြဲတမ်းလှပြီးသား ဘယ်သူမှဝေဖန်လို့မရအောင်လဲ တော်ပြီးထက်မြက်တယ် တယောက်ယောက်ကနှောင်းနဲ့ပတ်သက်ပြီး မကောင်းပြောလာရင် မောင်သူ့ကိုထောင်ချပစ်မယ်"
"ဟားးဟားး ရှေ့နေလို့မပြောရဘူး"
"အဲ့လိုလေးပဲပြုံးနေပါ နှောင်းခုလိုရီမောနေတဲ့အခါ သိပ်သဘောကျဖို့ကောင်းတယ်"
.................................….............."အန်တီမောင်အိပ်ချင်ပြီ"
"ပြန်တော့လေမောင် အချိန်လဲမစောတော့ဘူးကို"
"မောင်ဒီမှာအိပ်မှာ"
"အလို ဒီမှာအိပ်မှာကိုဝဿန်ကောသိရဲ့လား"
"ဒယ်ဒီ့ကိုမောင်ပြောထားပါတယ်အန်တီရာ နောက်ပြီးဒယ်ဒီ့ကို ကိုဝဿန်လို့မခေါ်နဲ့ ဒယ်ဒီလို့ပဲခေါ် မဟုတ်ရင်ဖေဖေလို့ခေါ်"
"ရှင်.."
"ဟုတ်တယ်လေ လက်ထက်ပြီးရင် ဒယ်ဒီကအန်တီ့ယောက္ခထီးဖြစ်လာမှာကို"
"တော်ပြီမောင်ဘာတွေပြောမှန်းလဲမသိဘူး"
"အယ်..အယ် ရှက်သွားပြီ ရှက်သွားပြီ"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...