Ep_37

393 24 1
                                    

ကြမ်းတမ်းစွာ ဖမ်းဆုပ်ထားခြင်းခံရသောကြောင့် မြိုင့်လက်ကောက်ဝတ်ဟာ သွေးမစီးတော့ပဲ နာလာလေသည်..။

"မောင် လွှတ်ပါအုံး မြိုင်နာတယ်"

မောင်ဘာမှပြန်မဖြေမိပါ

"မောင် မြိုင့်လက်ကိုလွှတ်ပါ မြိုင်နာနေပြီ"

"မောင့်!!"

"ခင်ဗျားရုန်းလေပိုနာလေဖြစ်မှာနော် သစ္စာမြိုင်အေးဆေးလိုက်ခဲ့!!"

တစ်ခါမှ နာမည်အပြည့်အစုံ မခေါ်ဖူးသောမောင်..မောင်ဘယ်လောက်စိတ်တိုနေမလဲ မြိုင်ခန့်မှန်းမိသည်..။

ထို့ကြောင့်မောင့်နောက်သာ တိတ်တိတ်လေးလိုက်လာမိသည်..

"မောင်"

လူရှင်းသော ကားပါကင်သို့ရောက်သည်နှင့် မောင်သည် မြိုင့်ကိုယ်လုံးလေးအား နံရံနှင့်ကပ်လိုက်လေသည်..။

"ခင်ဗျားဘာလို့ ဒီလောက်စကားများနေရတာလဲ သစ္စာမြိုင် တိတ်တိတ်လေး ကျုပ်ခေါ်တဲ့နောက် လိုက်ခဲ့လို့မရဘူးလား"

"မဟုတ်ဘူးမောင်"

"ခင်ဗျားမှာကျုပ်တစ်ယောက်လုံးရှိတယ် သစ္စာမြိုင် ခင်ဗျားမှာအတ္တမောင်ဆိုတဲ့ကျုပ်ရှိတယ် တစ်ခြားလူနဲ့ပတ်သက်ဖို့ ခင်ဗျားယောင်လို့တောင်မ‌တွေးနဲ့"

"မြိုင်ရှင်းပြပါ့မယ်မောင်ရယ် နားထောင်ပါအုံး"

"ရှင်းပြမရ် ဘာကိုရှင်းပြမှာလဲ"

"ခင်ဗျားကိုကမဟုတ်တာသစ္စာမြိုင် ဒီလိုအချိန် ဒီလိုဟိုတယ်ကိုခင်ဗျားလာဖို့လိုလား!"

"မောင် သျှားမွေးနေ့ဆိုလို့ပါမောင်ရယ် ဒီလိုမှန်းသိရင်မြိုင်မလာပါဘူး"

"သူ့အကြောင်းကိုခင်ဗျားသိနေတယ် ဟုတ်လားသစ္စာမြိုင် သူ့နာမည်အရင်းနဲ့ သူဘယ်သူလဲဆိုတာ ခင်ဗျားသိနေခဲ့တာလားလို့"

"အင်း တို့သိတယ်မောင်"

"အော် ဘာလဲ ခင်ဗျားက ကျုပ်တစ်ယောက်တည်းနဲ့အားမရလို့လား"

"မောင့်..! မင်းငါ့ကိုမစွပ်စွဲ အွန့်"

စကားမဆုံးသေးခင် မြိုင့်နှုတ်ခမ်းပေါ်သို့ ဖိကပ်လာသောမောင့်နှုတ်ခမ်း မောင်သည်ညင်သာမှုမပါပဲ မြိုင့်နှုတ်ခမ်းတွေကို အကြမ်းပတမ်းစုပ်ယူလေသည်..။

နှင်းဆီစေလျှင်Where stories live. Discover now