Ep_56

412 32 1
                                    

"မမလေး သတိထားပါအုံး ငြိမ်ငြိမ်မနေရင် ကျနော်ရောမမလေးရော လှေကားပေါ်ကပြုတ်ကျလိမ့်မယ်"

"အောက်ချပေးစမ်းသူရ ငါဒီနေ့အရမ်းပျော်နေလို့ မူးအောင်သောက်မယ်"

"ကျနော်အခန်းထဲပို့ပေးပါ့မယ် မမလေးနားလိုက်‌တော့"

သူရသည် အခန်းထဲသို့ရောက်သည်နှင့် သျှားအားကုတင်ပေါ်သို့ အသာအယာချကာ ပြန်ထွက်လာခဲ့လေသည်...။

"မောင် ဒီနေ့ဘယ်လိုဖြစ်ပြီး"

"အန်တီ့အတွက်surpriseလေ နောက်ပြီးကိုသူရိန်ကလဲခွင့်ပြုတယ်တဲ့"

"ဘယ်လိုအစ်ကိုကလား မဖြစ်နိုင်တာ"

"တကယ်ပါအန်တီရဲ့ တီချယ်နှောင်းလဲကူပြောပေးတော့ ကိုသူရိန်ကခွင့်ပြုလိုက်တာ အရမ်းကြီးတော့ သဘောတူတဲ့ပုံမပေါ်ဘူး"

"ထူးဆန်းလိုက်တာ အစ်ကိုသာသိရင် ခါးခါးသီးသီးငြင်းလောက်မယ်လို့ ထင်ခဲ့တာ"

"ကိုသူရိန်ကမောင့်ကိုပြောသေးတယ် မောင့်ကြောင့်အန်တီသာ စိတ်ဆင်းရဲပြီး စိတ်မချမ်းမသာဖြစ်တာမျိုးကိုတွေ့ရင် အန်တီ့ကိုမောင့်ဆီကနေပြန်ယူမယ်တဲ့"

"ကျွန်မကအစ်ကိုရဲ့အချစ်တော်လေးကိုရှင် မောင်သာတို့ကိုစိတ်ဆင်းရဲအောင်လုပ်ကြည့် အစ်ကို့ဆီပဲသွားနေတော့မှာ"

"ဟာ....အန်တီနော်"

"အန်တီကစတာပါမောင်ရယ် ခုတော့မြိုင်တို့နှောင်းဆီသွားကြရအောင် ပါတီပွဲတွက်လဲကူပြင်ပေးလို့ရအောင်"

"ဟုတ်ပါပြီဗျာ"

"ကျွန်မပွဲမတက်ချင်ဘူးသူရိန်"

"ခုမှဘာထဖြစ်တာလဲနှောင်း မောင်တို့အားလုံးပြင်ဆင်ပြီးပြီလေကွာ"

"အန်တီခနလေး ကိုသူရိန်တို့ကိုကြည့်ရတာ တခုခုဖြစ်နေပုံပဲ"

မောင်သည် မြိုင့်လက်အားဆွဲကာ အခန်းတံခါးဝမှရပ်ကာ အခြေနေကိုအကဲခတ်လေသည်...။

"ရှင်က ကျွန်မကိုအတင်းအကြပ်လုပ်ခိုင်းနေတာလားသူရိန် လူတွေကကျွန်မကို မျက်ကန်းမဆိုပြီးလှောင်ပြောင်တာကို လိုချင်တာလား တော်ပါတော့ရှင် ကျွန်မကိုလွှတ်ထားပေးပါ မနက်ကကြားရတဲ့စကားတွေနဲ့တင် လုံလောက်နေပါပြီရှင်"

နှင်းဆီစေလျှင်Where stories live. Discover now