"ပြီးတော့အပူအစပ်တွေရှောင်နော်မောင် အပြင်စာတွေလဲမစားနဲ့ ရေချိုးတာလဲမကြာနဲ့နော် အလုပ်လုပ်တာလဲလုပ်အအိပ်အစားတော့မှန်ပါစေနော်မောင်ပြီးတော့"
"ဟိုးဟိုး ဒီနေ့အဖို့မှာလို့ပြီးမှာလားနှောင်း"
"နှောင်းကမောင့်ကိုစိတ်ပူလို့လေ"
"နှောင်းရယ် မောင်ကခလေးမှမဟုတ်တော့တာ မောင့်အသက်က30ကျော်နေပါပြီဗျာ မောင်ကိုယ့်ကိုကိုယ်ကောင်းကောင်းဂရုစိုက်နိုင်ပါတယ်"
"ဒါပေမဲ့လဲမောင်ရယ်"
"တော်ပါတော့နှောင်းရယ် နှောင်းနဲ့မြိုင်သာဂရုစိုက်ကြမောင်ကအကုန်အဆင်ပြေတယ်ဟုတ်ပြီလား"
"ဟွန်းထားပါလေ မောင်အဆင်ပြေရင်ပြီးတာပဲ"
ကားနောက်ခန်းမှအကဲပိုလွန်းသော အကိုဖြစ်သူတို့အားကြည့် မြိုင်ပြုံးမိပါသည်..အတ္တမောင်နဲ့ငါလဲ အဲ့လိုပဲဖြစ်နေမလား
"ကဲ ကဲ ကားဂိတ်ထဲရောက်နေပါပြီရှင့် အနောက်ကနေချစ်ကြည်နူးတစ်တီတူးနေတဲ့အတွဲလေးဆင်းလို့ရပါပြီရှင်"
"ဟာမြိုင်နော်.."
"ကဲနှောင်းမောင်သွားတော့မယ်"
"ဟုတ်မောင်လမ်းခရီးမှာဂရုစိုက်နော်"
"ဟုတ်ပါပြီဗျာမြိုင်အစ်ကိုသွားတော့မယ်နော် ဆေးပုံမှန်သောက်ကျန်းမာရေးလဲဂရုစိုက် ဟုတ်ပြီလား အစ်ကိုစိတ်ချမယ်နော်"
"စိတ်ချပါအစ်ကိုရယ် မြိုင်ကိုယ့်ဘာသာစောင့်ရှောက်နိုင်ပါတယ်"
"ကဲပြန်တော့လေအစ်ကိုကားပေါ်တက်တော့မယ် ကားကိုဂရုစိုက်မောင်းသွားနော်မြိုင်"
"ဟုတ်ကဲ့အစ်ကို"
မြိုင်တို့ကားလေးထွက်သွားသည်နှင့် သူရိန်လဲကားပေါ်ကလက်ဖြတ်ထားရာခုံတွင် ဝင်ထိုင်လေသည်..။
"မြိုင်နေမကောင်းဘူးလား"
"ကောင်းပါတယ်နှောင်းရဲ့ ဒါနဲ့နှောင်းကိုကျောင်းရှေ့မှာပဲချခဲ့လိုက်မယ်နော် အပြန်ကျမြိုင်လာကြိုမရ်ဖုန်းဆက်လိုက်လေနော်"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...