Ep_27

401 20 0
                                    

"အန်တီကစိတ်ပူလို့လား"

"တော်ပြီအတ္တမောင် တို့လုပ်စရာအလုပ်လေးပေါ်လာလို့ဖုန်းချတော့မယ်"

"ဟုတ်ကဲ့ပါဗျာ့ တာ့တာနော်အန်တီ"

အန်တီတစ်ယောက်နဲ့တော့ ဘယ်ချိန်ထိဟန်ဆောင်ထားဖို့များရည်ရွယ်ထားသလဲပဲ ငါကသူ့ကိုမရိပ်မိတာကျလို့....‌မောင်ဟာကိုယ့်အတွေးနဲ့ကိုယ်သဘောတကျရီမိသည်

ထို့နောက်"ဒယ်ဒီ"ဆိုသော contactလေးအားနှိပ်ကာ ဦးဝဿန်ဆီသို့...

ကလင်~⁠~⁠~ကလင်~⁠~⁠~

"ဟလိုမောင်ရောက်ပြီလားကွ"

"ရောက်ပြီဒယ်ဒီ"

"ဘယ်လိုလဲမောင်ဒယ်ဒီပြင်ပေးထားတာတွေသဘောကျရဲ့လား အဆင်ကောပြေလားမောင်"

"လုံးဝမောင့်အကြိုက်ပဲဒယ်ဒီ လေဝင်လေထွက်လဲကောင်းတရ် မြို့ရှုခင်းကိုလဲအပေါ်စီးကနေမြင်ရတယ်"

"ဒီလိုပဲဖြစ်ရမှာပေါ့ကွမင်းဒယ်ဒီစီစဉ်ပေးထားတာကို"

"ဒါနဲ့ဒယ်ဒီကဒီအိမ်ကိုဘယ်တုန်းကဝယ်လိုက်တာမောင်တောင်မသိရပါလား"

"ဟုတ်တယ် ဒီအိမ်ကမင်းမာမီနဲ့ဒယ်ဒီညားခါစတုန်းက ပထမဆုံးဝယ်ခဲ့တဲ့အိမ်လေးပေါ့ကွာ နောက်တော့မှဒီရန်ကုန်ကိုရောက်လာတာ"

"အော်..."

"အေးဆေးနားအုံးလေမောင် မြေကိစ္စကနောက်တစ်ရက်နှစ်ရက်နေမှလုပ်လဲရတယ် ရောက်လက်စနဲ့အပန်းလေးဘာလေးဖြေပြီး စိတ်ပြေလက်ပျောက်လည်ပတ်ခဲ့"

"ဟုတ်ကဲ့ပါဒယ်ဒီရာ ဒါဆိုဒါပဲနော်မောင်ဖုန်းချတော့မယ်"

"ဟုတ်ပြီ ဟုတ်ပြီ"

မောင်သည် ဖုန်းချကာ အဝတ်အစားတွေအား ဗီရိုထဲသို့အစီအရီထည့်နေလေသည်..ထို့နောက် ထက်ယံတို့နဲ့အတူဂိမ်းချိတ်ဆော့နေလေသည်

"အတ္တမင်းအပေါ်လမ်းနေနော်"

"အေးပါကွာ"

"မင်းတို့ဆေးထိုးလို့ကတော့အသေပဲနော်ဟေ့ကောင်တွေ!"

‌မောင်တို့သူငယ်ချင်းလေးဦးသားအတိုင်အဖောက်ညီစွာ ဂိမ်းဆော့လာရာ အချိန်သည်ကား ည7:00နာရီ.....

နှင်းဆီစေလျှင်Where stories live. Discover now