Ep_32

456 22 1
                                    

"အန်တီကစကားကိုအဲ့လို ဘုကန့်လန့်လေးမပြောရရင် စားမဝင်အိပ်မပျော်ဘူးထင်တယ်"

"ဘာကွ"

"ဟဲဟဲ မောင်ကစတာပါအန်တီရယ် ဒါနဲ့ဒီအင်္ကျီကလဲ အန်တီလဲပေးထားတာလားဟင်"

"ဒါပေါ့ မင်းနဲ့ငါပဲရှိတာ ငါမလဲပေးလို့ဘယ်သူကလဲပေးမှာ"

"ဟောဗျာ ဒါဆိုညကအန်တီများ မောင့်ကိုတစ်ခုခု"

"အတ္တမောင်မင်းနော်"

"စတာပါအန်တီရာ မောင့်ကိုအဖြေပေးတော့လေအန်တီ"

မြိုင့်အဖြေကို မောင်သိပါသည် ထပ်ကြားချင်၍သာ တမင်မေးခြင်းဖြစ်သည်..။

"အင်း ဒါဆိုတို့မေးတာအရင်ဖြေ"

"တို့ကမင်းနဲ့အသက်ကွာတယ် နောက်ပြီးမင်းနဲ့ငါကကလေးယူလို့မရဘူး မင်းနဲ့အတူမနေနိုင်တဲ့အခါတွေလဲရှိလာမှာ မင်းအဲ့ဒီအချိန်ထိ ငါ့ကိုချစ်နေမှာလား"

"အန်တီ့ကိုမောင်ကမချစ်ဘူး"

"ဘယ်လို အတ္တမောင်မင်းအခုဘာပြောလိုက်တယ်"

မောင့်အဖြေကြောင့် မြိုင့်ကမ္ဘာမိုးပြိုမလို တုန်လှုပ်ရပါသည်

"ဟုတ်တယ် မောင်အန်တီ့ကိုမချစ်ဘူး အစကတည်းကမချစ်တာ"

"အတ္တမောင်"

မြိုင်စကားလုံးများရှာမရပါ..မြိုင့်ခံစားချက်နဲ့စကားလုံးတွေဟာ မျက်ရည်အဖြစ်သို့ အသွင်ပြောင်းလေသည်..။

မျက်ရည်လဲ့လဲ့လေးတွေဟာ မောင့်အားကျီစယ်လေသည်

"အန်တီ ဘာလို့တုန်းမငိုပါနဲ့ မောင်ပြောတာအရင်နားထောင်ပါအုံး မျက်ရည်တွေနဲ့တော့ မောင့်ကိုမနှိပ်စက်ပါနဲ့"

"ပြော"

"မောင်ကအန်တီ့ကို မေတ္တာရှိတာပါ အချစ်ဆိုတာအမုန်းအဖြစ် ဦးတည်သွားနိုင်တယ် ပြောင်းလဲနိုင်တယ် ဒါပေမဲ့မောင်အန်တီ့အပေါ်ထားတဲ့ မေတ္တာတွေကတော့ပင်လယ်လိုပဲ ဘယ်တော့မှမကုန်ခမ်းဘူး"

မောင့်စကားအဆုံး မြိုင်မထိန်းနိုင်ပဲ ငိုချမိသည်

"ဟောဗျာ မောင့်သက်ညှာရယ် ဘာလို့ငိုရတာတုန်း"

နှင်းဆီစေလျှင်Where stories live. Discover now