Ep_29

279 19 0
                                    

"မမ သျှားတောင်းပန်ပါတယ်နော်"

မြိုင်ခွန်းတုံ့မပြန်မိပါ ကားသော့ယူကာ အိမ်သို့ဦးတည်မောင်းနှင်လာခဲ့သည်..။

လိမ်နေခဲ့သည်တဲ့လား ညီမလေးအရင်းလိုချစ်ရတဲ့အဲ့ဒီခလေးမလေးက မရိုးမသားစိတ်နဲ့တစ်ချိန်လုံးကိုယ့်ဘေးနားရှိနေခဲ့သည်တဲ့လား...တွေးရင်းဒေါသဖြစ်မိပါသည် တစ်ချိန်လုံးအရူးလုပ်ခံထားရတာဟာ မြိုင့်အတွက်တော့ စိတ်နာစရာအတိ...။

"မြိုင် ပြန်လာတာစောလိုက်တာ ကြီးစောသံပုရာရည်ဖျော်ပေးရမလားသမီး"

"ရတယ်ကြီးစော မြိုင်နားချင်လို့ခနနေ‌ ကျောင်းဆင်းချိန်ရောက်ရင်‌ကိုတင့်ကို နှောင်းဆီလွှတ်လိုက်ပါ"

"ဟုတ်ပြီသမီး ဒါဆိုနားတော့လေကြီးစောပန်းပင်တွေပေါင်းသင်လိုက်မယ်"

"ဟုတ်ကဲ့ကြီးစော"

ဒေါက်..ဒေါက်

"မြိုင် တို့ဝင်လာမယ်နော်"

"လာလေနှောင်း"

"ကြီးစောပြောတယ်‌ မြိုင်စောစောပြန်လာတယ်တဲ့မျက်နှာလဲမကောင်းဘူးဆိုနေမကောင်းဘူးလား"

"အင်း နဲနဲပါနှောင်းရဲ့"

"အဆင်ပြေရဲ့လားမြိုင် နှောင်းကိုတစ်ခုခုပြောစရာရှိနေတာလား"

ငါ နှောင်းကိုပြောပြသင့်လား ဖူးပွင့်ကအယောင်ဆောင်ဆိုတာသိရင် နှောင်းကဘယ်လိုတုံ့ပြန်မလဲ...ငါဘာလုပ်သင့်လဲ မြိုင်ဝေခွဲမရပေ..။

"ဟင့်အင်း မရှိပါဘူးနှောင်းရဲ့ နှောင်းလဲအင်္ကျီလဲပြီးနားတော့လေ ညစာစားချိန်ကျပြန်တွေ့တာပေါ့"

"အင်း အဲ့ဆိုနှောင်းသွားပြီ တစ်ခုခုဆိုနှောင်းကိုလှမ်းခေါ်လိုက်နော်"

"ဟုတ်ကဲ့ပါ"
..............................

.....At 6:00pm.....

"ဆင်းလာပြီလား မဟုတ်ရင်တောင်နှောင်းကလာခေါ်တော့မလို့"

"မမလေးခဗျာ့ ခြံဝမှာမမလေးနဲ့တွေ့ချင်လို့ဆိုပြီးလူတစ်ယောက်ရောက်နေပါတယ်ဗျာ့"

"မြိုင့်ကိုတွေ့ချင်တာဘယ်သူလဲကိုတင့် အိမ်ထဲခေါ်လိုက်လေ"

နှင်းဆီစေလျှင်Where stories live. Discover now