ကလင်~ကလင်~ကလင်
"ဟလို နှောင်းပြောလေ ဒီအချိန်ကြီးဖုန်းဆက်တာဘာကိစ္စရှိလို့တုန်း"
"မြိုင်ရှေ့အပတ်တနင်္ဂနွေကျ အားလား တို့ကျောင်းမှာ ကောက်သစ်စားပွဲကျင်းပမို့လေ မြိုင်လာခဲ့ပါ့လား သူရိန်ပါအားရင် သူ့လဲတစ်ပါတည်းခေါ်ခဲ့လေ"
"ရှေ့အပတ်ဘယ်အချိန်လဲနှောင်း အစ်ကိုဒီရက်ပိုင်းအလုပ်ပါးနေတာ အတော်ပဲဖြစ်သွားတောပေါ့ မြိုင်နဲ့အစ်ကိုနဲ့လာခဲ့မယ်နော်နှောင်း"
"ဟုတ်ပြီမြိုင် တို့စောင့်နေမယ် ဒါနဲ့မြိုင် ကောက်သစ်စားပွဲမှာအသုံးပြုဖို့ပန်းတွေကို မြိုင်တာဝန်ယူအလှဆင်ပေးလို့ရမလား တစ်ခြားသူထက်လူရင်းတွေဆိုပိုအဆင်ပြေတာပေါ့"
"ရတာပေါ့နှောင်း တို့ယောင်းမအတွက်သာဆိုမြိုင်တို့ကအားရဝမ်းသာကိုကူညီမှာ"
"မြိုင်နော်"
"ဟဲဟဲ မစတော့ဘူး အလုပ်အကြောင်းပြောပါဦး နှောင်းကဘာပန်းကိုသုံးချင်တာလဲ ပန်းကအမျိုးမျိုးရှိတော့နှောင်းစိတ်ကြိုက်ရွေးလေ"
"တို့မရွေးတတ်ဘူးမြိုင် မြိုင်ကလုပ်နေကြပဲ ဘယ်လိုပန်းမျိုးကလိုက်ဖက်လောက်မလဲ မြိုင်အကြံပေးကြည့်လေ"
"မြိုင်ကတော့နှင်းဆီပဲသုံးချင်တယ်နှောင်း နှင်းဆီအဖြူနဲ့အနီကိုဖောက်သုံးတာမျိုးလေ အဲ့တာလေးကကျအမြင်လဲရှင်းပြီးသုံးတာလဲများကြတယ်"
"ဒါဆိုမြိုင့်သဘောလေ နှောင်းကအဲ့ဘက်ပိုင်းတွေမှာမကျွမ်းတော့ မြိုင့်ကိုပဲဆရာတင်ပါတယ်ရှင်"
"ဟုတ်ပါပြီ မြိုင့်ကိုသာယုံကြည်လိုက် အလှပဆုံးဖြစ်စေရမယ်"
"ယုံပါတယ်ရှင် ယုံပါတယ် မြိုင့်ကိုဆိုနှောင်းတို့ကအမြဲယုံပြီးသား ခုတော့အလုပ်ကိစ္စလေးရှိသေးလို့ ဖုန်းချဦးမယ်နော်မြိုင် မနက်ဖြန်မှတွေ့ကြတာပေါ့"
"ဟုတ်ပြီနှောင်း ဒါဆိုဘိုင့်ဘိုင်နော်ယောင်းမလေး"
"မြိုင်နော်ရွှတ်နောက်နောက်နဲ့ တာ့တာ တာ့တာ"
“မင်္ဂလာပါရှင့် ဘာများဝန်ဆောင်မှုပေးရမလဲရှင့်” ဝန်ထမ်းမလေးတွေအသံကြောင့် မြိုင်ဟာဆိုင်ဝကိုကြည့်မိသည် တစ်ခြားသူမဟုတ် မောင့်ရဲ့အပေါင်းအပါသူငယ်ချင်းများပင်ဖြစ်သည်။
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...