Ep_47

356 26 1
                                    

"တို့သတိမထားမိရင်မောင်က အသံပြုမှပေါ့ ခုတော့ရင်တောင်တုန်တယ် တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"ဒါတွေထားပါ အန်တီကဆေးလိပ်တွေ သောက်နေပြန်ပြီ"

"နဲနဲပါမောင်ရယ်"

"‌မောင်အိပ်ချင်ပြီအန်တီ အိပ်ရအောင်"

"သတိထားဆင်းနော်မောင်"

"ဟင့်အင်း ဒီနေ့အန်တီနဲ့အိပ်မှာ"

မောင်သည် ထို့သို့ပြောပြီးသည်နှင့် မြိုင့်ခန္ဓာကိုယ်လေးအား ဆွေ့ကနဲပွေ့ချီသွားလေသည်..။

"မောင်အောက်ချပါအုံး ဆေးလိပ်မီးနဲ့ထိလိမ့်မယ်"

"ထိပါ‌စေပေါ့ ကုတင်ပေါ်ရောက်မှချပေးနိုင်မယ်"

မောင်သည် လက်ရဲဇက်ရဲနိုင်လွန်းလှသည် မတွဲခင်တုန်းကရော တွဲပြီးတော့ပါ တဇွတ်ထိုးအကျင့်ဟာမပျောက်ပေ..။

"ပေး ဆေးလိပ်"

"ဘာလုပ်မလို့လဲမောင်"

"မီးသတ်ပေးမို့ လူမိရင်အန်တီဆူခံရမှာကို စိုးရိမ်လို့"

ထို့နောက်မောင်သည် မြိုင့်လက်ထဲမှ ဆေးလိပ်လေးအားယူကာ toiletထဲသို့ဝင်သွားလေသည်..။

‌မောင်ကုတင်ပေါ်သို့ရောက်သည်နှင့်..

"ဘယ်သွားမလို့လဲအန်တီ"

"မောင့်အတွက် အင်္ကျီလဲမလို့လေမောင်"

မြိုင့်စကားအသွားအလာကို မောင်သဘောပေါက်လေသည်..။

"အန်တီ့ကိုမောင်ချစ်တာက အချိန်တိုင်းပါ  မောင်အန်တီနဲ့အိပ်ချင်တယ်ဆိုတာ အဲ့ဒီကိစ္စကိုဦးတည်တာ မဟုတ်ပါဘူးအန်တီ ဒီအတိုင်းလေး မောင်ပင်ပန်းလာလို့ပါ"

"မောင်.."

မြိုင်သည်မောင့်အား မျက်ရည်အဝိုင်းသားလေးဖြင့် ကြည့်လေသည်..။

"မငိုပါနဲ့မောင့်ကလေးငယ်ရယ် မငိုနဲ့နော်"

"မြိုင်ထင်တာက"

"မောင်သိတာမို့မငိုပါနဲ့မောင့်အချစ်ရယ် အန်တီဘယ်လိုတောင် အရှက်အကြောက်ကြီးသလဲဆိုတာ မောင်အသိဆုံးပါ"

နှင်းဆီစေလျှင်Where stories live. Discover now