"အစ်ကိုနှောင်းကိုသေချာလေး အချိန်ပေးသင့်တယ်နော် အစ်ကို့ကြည့်ရတာ အရင်ကနဲ့ကိုမတူတော့ဘူး"
"အင်းပါ အစ်ကိုအချိန်ပေးလိုက်ပါ့မယ်"
သူရိန်လဲစိတ်ရှုပ်ရသည် အလုပ်ကစိတ်ပင်ပန်းမှုကြောင့်ရော ချစ်ရသူအမျိုးသမီးကြောင့်ပါ ပိုပင်ပန်းမိသည်..။
"သူရိန် မင်းမပြန်သေးဘူးလား"
"အင်း ကျွန်တော်အလုပ်လေးတွေ ကျန်နေသေးလို့ ကိုမဟာပြန်နှင့်တော့လေ"
"အေး ဒါဆိုမနက်ကျမှတွေ့မယ်"
.......... At the 8:30 pm ..........
သူရိန်သည် ကလပ်တစ်ခုတွင် လူမှန်းသူမှန်းမသိ မူးနေလေသည်..။
"မင်းသိလားမြူ မင်းအစ်မကကွာ မင်းအစ်မကငါ့ကိုရှောင်နေတာ အလုပ်ကိုတောင်သူက နားမလည်ပေးဘူး"
မြူ_ သူရိန့်အတွင်းရေးမှုးမလေးပင်.. လုပ်သက်ကြာလာပြီမို့ သူငယ်ချင်းလိုပင် ဖြစ်နေလေပြီ..။
"မြူသိပါတယ် မြူနားလဲနားလည်တယ် ခုကတော်လိုက်တော့နော် ဆရာအရမ်းမူးနေပြီ မမနှောင်းသိသွားရင်လဲ စိတ်ပူနေလိမ့်မယ်"
"သူလားငါ့ကိုစိတ်ပူမှာ"
သူရိန်တစ်ယောက် ပြောချင်ရာပြောပြီး မှောက်သွားလေသည်..။
မြူတစ်ယောက်တည်း သူရိန့်အားအိမ်ပြန်ပို့ဖို့ ဘယ်လိုမှမဖြစ်နိုင်သည်မို့ မြိုင့်အားဖုန်းခေါ်လိုက်လေသည်..။
ကလင်~~~ကလင်
"နှောင်းရေ မြိုင့်ကိုဖုန်းလေးတစ်ချက်လောက် ကိုင်ပေးပါအုံး"
မီးဖိုခန်းထဲမှလာသောမြိုင့်အသံ..
"ဟလို မမမြိုင် ဒီမှာမမအစ်ကိုမူးနေပြီ မြူတစ်ယောက်ထဲပို့ဖို့ မဖြစ်နိုင်လို့ လာခေါ်ပါအုံး"
"အခုရောက်နေတဲ့နေရာရဲ့ လိပ်စာပြောနော်"
#$#$#$#$#$#$#$
"နှောင်းဘယ်သူ့ဆီကလဲ ဘာကိစ္စဆက်တာတဲ့လဲ"
"မြူတဲ့ သူရိန်မူးနေလို့လာခေါ်ခိုင်းနေတာ"
"ဟမ်"
"ဟုတ်တယ် သွားမယ်လာ"
နှောင်းသည်မြိုင့်အား လက်မှဆွဲခေါ်လာလေသည်..။
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...