"ဘယ်လို မြိုင်ကချစ်မိနေပြီ"
"ဟုတ်တယ်နှောင်း"
"အဲ့ဒီလူကဘယ်သူလဲ ဘယ်ကလဲမြိုင် အရှုပ်အရှင်းတွေရောကင်းရဲ့လား"
"နှောင်းလဲသိမှာပါ နှောင်းအသိဆိုလဲဟုတ်တယ်"
"ဘယ်သူလဲမြိုင် ဘယ်သူ့သားလဲ မိန်းမကိစ္စအရှုပ်အရှင်းကင်းရဲ့လား မောင်ကတော်ရုံလူနဲ့တော့မြိုင့်ကိုသဘောမတူလောက်ဘူး"
"သူကယောကျာ်းလေးမဟုတ်ဘူးနှောင်း မိန်းကလေးတစ်ယောက် ပြီးတော့သူကဧကရီလေးရဲ့အစ်မ မိုးအတ္တမောင်"
"ဘယ်လို မြိုင်ဘယ်လိုပြောလိုက်တယ် မြိုင့်အစ်ကိုအကြောင်းလဲသိရဲ့နဲ့မြိုင်ရယ်"
"အင်း နှောင်းတို့ကမိန်းကလေးတစ်ယောက်ကိုချစ်တာကိုသိလို့ရွံသွားသလား?"
"မဟုတ်တာမြိုင်ရယ် အချစ်ကအချစ်ပဲ မောင်ကလက်မခံပေမဲ့ တို့ကတော့အားပေးတယ်မြိုင်"
"ကျေးဇူးပါနှောင်း"
"လာပါအုံးအစ်မညီမငယ်လေးကိုဖက်ပါရစေအုံး"
နှောင်းသက်ပြင်းယဲ့ယဲ့သာချမိသည် လိင်တူအချစ်ကိုသဘောမကျတဲ့မောင်နဲ့ မိန်းကလေးတစ်ယောက်ကိုမှ ချစ်မိသွားတဲ့မြိုင် ဘာတွေဘယ်လိုဖြစ်လာမှာလဲ နှောင်းမတွေးတတ်တော့ပါ...
မြိုင့်ကိုလဲစိတ်ချမ်းသာစေချင်သည် မောင်မသိအောင်နှောင်းအတတ်နိုင်ဆုံး မြိုင်တို့အကြောင်းကိုလျှို့ဝှက်ပေးထားပါ့မယ်
..........Time skip..........
"မောနင်းဒယ်ဒီ""မောနင်းမောင် ညကကောင်းကောင်းအိပ်ပျော်ရဲ့လား"
"ဒါပေါ့ဒယ်ဒီရ"
"ဟိုကိုရောက်ရင်ဒယ်ဒီ့ဆီလဲ ဖုန်းဆက်လှမ်းပြောအုံးကြားလား မောင့်တစ်ယောက်တည်းလွှတ်လိုက်ရတာ ဒယ်ဒီလဲစိတ်မချဘူး"
"မောင်ပါဒယ်ဒီရ မပိုင်ရင်ခြင်တောင်မရိုက်ဘူး ဒယ်ဒီကစိတ်ပူနေတယ်ဆိုရင်လဲ ရောက်တာနဲ့ဖုန်းဆက်အကြောင်းကြားပေးပါ့မယ်ဗျာ"
"ကဲ ကဲ သောက်သောက် ကော်ဖီတွေလဲအေးကုန်ပြီ ခနနေရေမိုးချိုးပြင်ဆင်စရာရှိတာပြင်ဆင်တော့ ဒယ်ဒီကိုယ်တိုင်လေဆိပ်လိုက်ပို့ပေးမယ်"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...