"အစ်ကိုရေ နှောင်းရေ မြိုင်တို့ထမင်းစားကြရအောင်လေ လာကြတော့နှစ်ယောက်လုံး"
"လာပြီမြိုင်ရေ"
သူရိန်ရောနှောင်းရောမှပြိုင်တူပြောလိုက်လေသည်"ဟေ့ကောင်တွေ ငါအန်တီ့အိမ်ရှေ့မှာသီချင်းသွားဆိုချင်တယ် အဲ့တာမင်းတို့သုံးကောင်ပါလိုက်ခဲ့ရမယ်”
"ဘာ!!!"
"မင်းဟာကြီးold modelကြီးပါကွာ ခေတ်သီချင်းတွေသွားဆိုရင်နားလည်ပါ့မလား"
"ဒါလဲဟုတ်သား မရဘူးကွာငါသူ့အိမ်ရှေ့သီချင်းဆိုချင်တာပဲသိတယ် မင်းတို့တွေမြန်မြန်စဉ်းစားကြ"
မောင့်ရဲ့စကားကြောင့်သုံးဦးသားမျက်လုံးနဲ့လက်တွေကိုအလုပ်ပေးရလေသည်။
နာရီဝက်လောက်အတော်ကြာအလုပ်ပေးပြီးနောက်“ဟေ့ကောင်အတ္တ မင်းအန်တီက နဲနဲရှေးရိုးစွဲဆန်တော့ကွာ ခေတ်နှောင်းပိုင်းသီချင်းမျိုးဆိုသူသဘောကျလောက်မှာ မင်းခေတ်နှောင်းပိုင်းသီချင်းတွေဆိုရပါ့မလား”
“ရပါတယ်ကွာ ဒီလောက်ကတော့ကျင့်ရမှာပေါ့ ငါ့အချစ်လေးအတွက်ပဲဟာ ဟားဟား ဒါနဲ့မင်းတို့ကိုတစ်ခုပြောရအုံးမယ် ငါ့အန်တီကနှင်းဆီတွေဆိုသဘောကျတဲ့ပုံပဲကွ ဒီတော့နှင်းဆီသီချင်းတွေရှာပေးကြစမ်းပါကွာ”
“အတ္တတို့ကတော့ငါတို့ဆိုခိုင်းမယ်ဆိုတာကြီးပဲ”
“လုပ်စမ်းပါကွာ မနက်ဖြန်တစ်နေကုန်မင်းတို့ဘာစားစား ဘယ်သွားသွား ငါဒကာခံပါ့မယ်ကွ”
“ဒါဆိုတော့လဲလုပ်ပေးရမှာပေါ့ကွာ”
“ဟေ့ကောင်အတ္တ ဒီသီချင်းဆိုကော”
“ဖွင့်ကြည့်လေထက်ယံ”
♪♪...ဘယ်အတွက်ရယ်များဆူးတွေခြံရံထား မလေးစံပယ်အားပြောပါလား မမနှင်းဆီပန်းရယ် မေးပါရစေလား လောကရဲ့ အချစ်ဝဲ သံသရာ အလှအပစုဝေးရာ ချစ်စွာသောကမ္ဘာ...♪♪
“ဟာ ပိတ်ပိတ် မင်းဟာကမိန်းကလေးဆိုထားတာဟ ယောကျာ်းလေးဆိုထားတဲ့ခပ်အေးအေးလေးတွေသာရှာစမ်းပါဟာ”
“ပြီးရောဟေ ပြီးရောဟ”
“ဟ ဟုတ်ပြီအကြံရပြီကွ”
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...