chapter 138

127 21 0
                                    

Chapter 138 sister in law
Chapter 138December 24, 2023
(ကောင်းခြင်းယင်စွမ်းအင်ရှစ်မျိုး )

ဝေ့ထင် သည် ခဏမျှ တိတ်ဆိတ်သွားပြီး စုမုန့် လက်ကို ဆွဲယူရန် ပြင်လိုက်သည်။သို့သော်၊ စုမုန့် လျင်မြန်စွာ သူ့လက်ကို ရှောင်လိုက်သည်။တစ်ချိန်တည်းမှာပင် သူမ ဘေးဘက်သို့ ခြေလှမ်းနှစ်လှမ်း ရွှေ့ကာ အဘိုးဝေ့ထံသို့ လျှောက်သွားခဲ့သည်။

အဘိုးဝေ့က ဝေ့ထင်ကို မကျေမနပ်ဖြင့် ကြည့်သည်။ 

"မင်း ကောင်စုတ်လေး... မင်းကို ငါခိုင်းတုန်းက ထွက်မသွားဘူး… အခု မိန်းကလေးမုန့် အကြောင်းမေးချင်တဲ့အခါကျမှ မင်းက အပြင်ထွက်ချင်တာ...ဘာလဲ မင်း ငါ့ကို ဆန့်ကျင်တာလား"

"မင်းနေကောင်းနေတာ ဆိုတော့ သွားထိုင်…ငါ  မိန်းကလေးမုန့် နဲ့ စကားနည်းနည်းပြောမယ်"

အဘိုးဝေ့က ဝေ့ထင်ကို စိတ်ဆိုးသလိုမျိုး လေသံနှင့် ပြောလိုက်သည်။တစ်ဖန် သူက စုမုန့်ဘက်သို့ လှည့်ကာ ကြင်နာသော အမူအရာဖြင့် ပြောလိုက်သည်။စုမုန့် ရယ်ချင်သွားရ၏။ အများအားဖြင့် လေးနက်သော အဘိုးဝေ့သည် ကလေးကဲ့သို့ ပြုမူတတ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူ့ပုံစံက နည်းနည်းလေး ချစ်ဖို့ကောင်းနေသည်။

“အဘိုးမှာ မေးစရာရှိရင် ကျွန်မကိုပြောပါ… ကျွန်မသိသမျှကို ပြောပြမယ်" သူမက နာခံစွာပြောလိုက်၏။

အဘိုးဝေ့က ကျေနပ်စွာ ခေါင်းညိတ်ပြီး “မိန်းကလေးမုန့်က အသိဉာဏ်အရှိဆုံးပဲ…မိန်းကလေးမုန့်၊ အဘိုးက မင်း ကို ဖုန်းရွှေပညာရှင်လို့ မမျှော်လင့်ထားဘူး…ဒီအစီအရင်ကို မင်း သိလား"

အဘိုးဝေ့သည် အခန်းလယ်ရှိ အစီအရင်ကို ညွှန်ပြလိုက်သည်။

စုမုန့် အနေခက်မှာစိုး၍  သူက ပြောသည်။ “ရပါတယ်၊ မင်းမသိရင်လည်း အဆင်ပြေပါတယ်… မင်းက ငယ်သေးတယ်၊ မင်း အစီအရင်တော်တော်များများကို မသိတာက ပုံမှန်ပါပဲ"

စုမုန့်က သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သူမသည် အစီအရင်ကို ကြည့်ကာ ရေကန်အတွင်းရှိ ငါးနှစ်ကောင်ကို စိုက်ကြည့်နေသည်။ 

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Wo Geschichten leben. Entdecke jetzt