Part 1*

54.4K 3K 32
                                    

At Airport......

ကိုယ်ပိုင် လေယာဉ်ပေါ်မှ ခန့်ညားစွာဆင်းလာတဲ့ လူငယ်တစ်ဉီး၊ တကိုယ်လုံးဝတ်ထားသည်က အမည်းရောင်ချည်းသာ၊ ပတ်ပတ်လည်မှာ အပြည့်ပါလာတဲ့ ကိုယ်ရံတော်များ ပြုံးဖို့ရန် ခက်ခဲလှတဲ့ လူငယ်လေးက တည်တံ့နေလား ပြုံးနေမလားဆိုတာ မည်သူမျှ သိမည်မဟုတ်၊ အကြောင်းမှာ ဉီးထုပ်ကို အောက်ငိုက်စိုက်ဆောင်းထားတ Maskကိုပါ တပ်ထားသည် လျှောက်လာသော ခြေလှမ်းများက ယုံကြည်ချက်အပြည့် ခြေလှမ်းကျဲများဖြင့် လျှောက်ကာ လာစောင့်နေသော ကားထဲ ဝင်လိုက်သည်။

မြန်မာပြည်မပြန်ခင်ကတည်းက အချိန်ယူကာ ပြင်ဆင်ခဲ့ရသည်။ ဖခင်ဖြစ်သူနေအိမ်မှာမနေချင်သည်ကြောင့် အိမ်ကို သပ်သပ်ရှာခိုင်းလိုက်ပြီး အလုပ်သမားများပါ တခါတည်းခန့်ပြီး အလုပ်လုပ်စေထားသည်။

ထို့သို့ စီမံဖို့ အနားက ယုံကြည်ရတဲ့ Jameကို မြန်မာပြည် အရင် လွှတ်ခဲ့သည်။ ကိုယ်ရံတော် အမြောက်အမြားရှိပေမယ့် လက်ရွေးစင်အဖြစ် ၄ယောက်အား အနားမှာ ထားသည် သူ့လိုပင် စေ့စပ်သေချာတာကြောင့် စိတ်ချရသည်။

ခမ်းနားထည်ဝါတဲ့ အိမ်ရာဝင်ကြီးထဲ ကားများ တန်းစီကာ ဝင်လာတော့သည်။ အရှေ့ဆုံးက ကားထဲမှ လူငယ်လေးဟာ ကားပေါ်မှ ဆင်းပြီး ဆေးလိပ်ကို ထုတ်လိုက်တော့ ဘေးက မီးညှိပေးမည့်သူက အသင့်ဖြစ်သည်။

"Boss"

"Jame, ငါ နားချင်ပြီ"

"အဆင်သင့်ပါပဲ Boss "ဆိုကာ Jameက ဉီးဆောင်ပြီး နက်ရှိုင်းသူရဲ့ ကိုယ်ပိုင် အခန်းသို့ ခေါ်ဆောင်သွားသည်။

အိမ်မှာ နက်ရှိုင်းသူ စိတ်တိုင်းကျ ဆောက်ခိုင်းထားပေမယ့် Jameရဲ့ စီမံမှုကြောင့် အပိုအလို မရှိ၊ တစ်အိမ်လုံးအား များသောအားဖြင့် အိမ်ကို မှန်ဖြင့် ဖွဲ့စည်းထားသည် အခန်းထဲရောက်တော့ ပိတ်ထားဆဲဖြစ်သော လိုက်ကာအား ဆွဲဖွင့်လိုက်သည်။

အပေါ်ကနေ ကြည့်မိတော့ အိမ်က လူအများရဲ့ အဝေးတွင် တစ်အိမ်ထဲ ရှိနေသည်မို့ ငြိမ်းချမ်းသည်။ စပြီး အိမ်ဆောက်ဖို့အတွက် မြေယာရွေးကတည်းက Jameကို လူနဲ့ ဝေးရာမှာ ေဆာက်ဖို့ ပြောထားသည် လူတွေနဲ့ နီးကပ်စွာနေရသည်ကို မကြိုက်၊ သူနီးနီးကပ်ကပ်နေဖို့ စဉ်းစားထားသူက တစ်ဉီးတည်းသာ

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now