Part 53*

15.3K 979 9
                                    

မနက်ပိုင်း ဖွင့်ပဲွဲပီးသွားပေမယ့် ညဘက် Dinnerရှိသေးတာကြောင့် ပြင်ဆင်ရပြန်သည်။ ဒီတခါတော့ Suitမဟုတ်ပဲ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးကိုသာ နှစ်ယောက်သား ဝတ်ဆင်ထားကြသည်။

"ဟူးးးးး...ပင်ပန်းလိုက်တာ"

"အမယ်လေးဗျာ ငယ်က ပင်ပန်းနေပြီပေါ့ အလုပ်လုပ်ရင်တော့ ဒုခပါပဲ"

"မောင်!!!!"

"မောင်က အကောင်းပြောပြတာကို"

"........."

"ပြွစ်.......မသွားခင်လေး အမော​ပြေ"

"တော်ပါ အဲ့လောက်လေးနဲ့ အမောပြေမယ်တဲ့လား"

" ဟေ....ငယ် ေမာင့်ကို စိန်ခေါ်နေတာလား မောင် တကယ် အမောပြေဖို့ဆိုရင် ငယ် Dinnerသွားရမှာတောင်မဟုတ်ဘူး"

"မောင်!!!!ဘယ်လိုတွေ ဖြစ်နေတာလဲ"

"စတာပါဗျာ စိတ်မဆိုးပါနဲ့ ဒေါက်တာလေးရေ"

".........."

"ငယ်"

"ပြော"

"မောင် ဒီည နည်းနည်းသောက်မယ် ရတယ်မလား "

"မပြောလည်း ခိုးသောက်မယ့်သူက ခွင့်တောင်းနေသေးတယ်"

"ငယ်ကလည်း ရွဲ့သလိုကြီး မပြောနဲ့လေ"

"ဘာမှ ရွဲ့စရာ အကြောင်းမရှိဘူး အေးနော် မူးလာလို့ကတော့ အိ်မ်ရိပ်တောင် မနင်းရဘူးဆိုတာ မှတ်ထား"

ကျွန်တော့်ရဲ့ ဒေါက်တာလေးကတော့ စလို့တောင်မရ၊ ရန်ပဲ တွေ့နေတော့သည်။ ကျွန်တော်လည်း ဟိုတစ်ခေါက်တည်းက ငယ်မကြိုက်မှာစိုးလို့လမသောက်ဖြစ်တော့၊ အခုလည်း ငယ် ဘယ်လို ပြန်ပြောမလဲ သိချင်တာကြောင့် မေးလိုက်ခြင်း ဖြစ်သည်။ အခုတော့ ဘာမှ မပြောပဲ အ​​​ပြင်ထွက်သွားချေသည်။

အောက်ထပ်ကို လိုက်လာတော့ ငယ်က သွားဖို့အတွက် ဖိနပ်ပင် ထုတ်နေလေသည်။

"ငယ် ခန"

ကျွန်တော်လည်း  ငယ့်အား ပွေ့ချီကာ sofaပေါ် ပြန်ထိုင်ခိုင်းလိုက်သည်

"မောင် ဘာလုပ်တာလဲ"

ငယ့်နားသွားလိုက်ပြီး

"ဖိနပ်ဝတ်ပေးမလို့"

"မလုပ်နဲ့ မောင်"

ကျွန်တော် ငယ့်ရဲ့စကားကို နားထောင်မနေပဲ ငယ့်ခြေထောက်အား ကျွန်တော့်ပေါ်တက်ကာ ခြေအိတ်အရင် ဝတ်ပေးပြီးမှ ဖိနပ်စီးပေးလိုက်သည်။ ထို့အတူ ကျွန်တော်လည်း ပွဲအတွက် ထုတ်ထားတဲ့ ဖိနပ်ကို စီးလိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora